The Wheel of Fortune - ကံကြမ္မာစက်ဝန်း
၁။ အပြောင်းအရွှေ့ဖြစ်မည်။ အိမ်ပြောင်း၊ အလုပ်ပြောင်းများပေါ်မည
၂။ ရေပိုက်များပြင်ရမည်။ ရေနှင့်ပတ်သက်၍ စိတ်ညစ်ရ တတ်သည်။
၃။ အိမ်ထောင်ဖက် ဖျားနာမည်။
၎။ ကလေးရှိက အမြင့်မှ လိမ့်ကျတတ်သည်။
၅။ ပညာရေး (သို့) မိန်းမတစ်ယောက်အတွက် သောက ရောက်ရတတ်သည်။
၆။ ထူးခြားသောဓာတ်ပုံတစ်ခု ၀င်လာမည်။ ၀င်ပြီးက လူ နှစ်ယောက် အိမ်တွင်လာရောက်တည်းခိုမည်။ ကောင်း၏
၇။ ဆေးရုံတက်၍ ရောဂါတစ်ခု ကုသရတတ်သည်။
၈။ သူတစ်ပါးကို ငွေစိုက်၍ လျော်ရမည်။
၉။ အိုးသစ်အိမ်သစ်ဆောက်ရမည်။ အိမ်ပြင်ရမည်။
၁၀။ ခရီးမထွက်ချင်ဘဲ ခရီးထွက်ရမည်။
၁၁။ မျက်စိ၌ ဥပဒ်ရောက်မည်။ သူတစ်ပါးကိစ္စ မိမိဝင်ပါ ရမည်။
၁၂။ ရာထူးတက်ခြင်း၊ လာဘ်ရွှင်ခြင်းဖြစ်မည်။
လတ်တလောကိစ္စအတွက် မေးမြန်ပါမူထိုကိစ္စ အောင်မြင်ပါလိမ့်မည်။
သို့သော် အပြောင်းအလဲအနည်းငယ် ဖြစ်ပါလိမ့်မည်။
No comments:
Post a Comment