အချစ်သူရဲကောင်း


             
             ကိုဇာနည်တစ်ယောက် သူတစ်ဖက်သက်ချစ်နေတဲ့ မယုယုဝါ အတွက်ရည်ရွယ်ပြီး သူကိုယ်တိုင်စိုက်ထားတဲ့ နှင်းဆီပင်မှ နှင်းဆီပန်းများကိုခူးကာ မယုယုဝါလာမဲ့ လမ်းလေးမှာ မျှော်လင့်ချက်ကြီးစွာနဲ့ ထိုင်စောင့်နေရှာသည် ။ ခဏလေးကြာတော့ မယုယုဝါ ရုံးကအပြန် ထမင်းခြိုက်လေး တစ်ခြိုက်ဆွဲကာ ဟိုးအဝေးမှ လာနေတာကိုမြင်နေရ၍ ကိုဇာနည် ရင်တွေတထိန့်ထိန့်ခုန်ပြီး ခြေလက်များ အေးစက်ကာ အတွေးတစ်ချက်ဝင်မိလေသည် ။

“ တကယ်လို့သာ ငါပေးတဲ့ပန်းကို သူယူမယ်ဆိုရင် ဒီနေ့အဖို့ ဒီကမ္ဘာပေါ်က လူသားတွေထဲမှာ 
ငါသည် ကံကောင်းဆုံးလူသားဖြစ်လိမ့်မည် ” တဲ့ ။

သူပေးတဲ့ ပန်းကို မယုယုဝါ မယူမှန်းသိလျှက်နဲ့ ကိုဇာနည် ဘာဖြစ်လို့လာပေးနေပါလိမ်း ။ ဆစ်တမ်းခြင်းမတူတဲ့ ကိုဇာနည် နှင့် မယုယုဝါ တို့ ဘဝကလည်း မိုးနဲ့မြေ  ။
ကိုဇာနည် ဘဝက ဆင်းရဲတယ်ဆိုတာ ပစ္စည်းဥစ္စာ ဂုဏ်ပကာသနတွေသက်သက်မဟုတ်သေးဘူး မိဘ ဆွေမျိုးတွေပါ ဆင်းရဲရှာတာ ဆရာရေ ။ ဒါပေမဲ့ သူက ရိုးသားပြီး ကြိုးစားတဲ့ လူငယ်တစ်ယောက်ဖြစ်တော့ လူတိုင်းကတော့ ခင်မင်ကြပါတယ် ။ မယုယုဝါ ကတော့ ပစ္စည်းဥစ္စာကလည်းချမ်းသာ ပညာတတ်ဘွဲ့ရလည်းဖြစ် လှတပတလည်းဖြစ်နေသေးတယ်ဆိုတော့ မာနကြီးတာပေါ့ ဆရာရယ် ။ သနားစရာကောင်းတာက ကိုဇာနည်းပါ သူကိုပြန်မချစ်နိုင်မှန်းသိလျှက် အတင်းကိုစွန့်စားနေတော့တာ။
ဒါနဲ့ မယုယုဝါ တဖြေးဖြေးနဲ့ ကိုဇာနည်ဘက်ကို တစ်လှမ်းခြင်းလျှောက်ကာ နီးကပ်လာလေပြီ ။ ကိုဇာနည် မျက်စိစုံမှိန့်ပြီး နှင်းဆီပန်းကိုကိုက်ကာ မယုယုဝါ ဘက်သို့ဦးတည်ပြီး လျှောက်သွားလေရာ နားထဲကို အရှိန်ပြင်းတဲ့ ဆိုင်ကယ်သံတစ်ခု တိုးဝှေ့ဝင်လာသည် ။ ကိုဇာနည် ကိုင်ကယ်တိုက်မိမှာ ကြောက်၍ မှိတ်ထားတဲ့မျက်လုံးကို ဖွင့်ပြီးကြည့်လိုက်တော့ သင်္ဘောသားအောင်အောင်က ကိုင်ကယ်နားပြီး မယုယုဝါကို ပန်းပေးနေတာတွေ့လိုက်ရသည် ။ ကိုဇာနည်ရဲ့ စွန့်စားခန်းဟာ သင်္ဘောသားအောင်အောင်ကြောင့်ပျက်စီးရလေပြီ ။ အခုလိုမြင်ကွင်းတစ်ခုကို ကြည့်ပြီး ကိုဇာနည်မှအပ ဘယ်သူများ ကိုယ်ချင်းစာ ခံစားပေးတတ်မှာလဲ ဆရာရယ် ။ ကိုအောင်အောင်ဆိုတဲ့ သင်္ဘောသာကလည်း မယုယုဝါကို ပန်းပေးရုံသက်သက်မဟုတ်သေးဘူး ဆိုင်ကယ်ပေါ်တင်ပြီး အိမ်ကိုပါလိုက်ပို့ပေးလိုက်သေးတယ် ဆရာရေ ။
မယုယုဝါရဲ့ အမေကလည်း ဆရာတို့သိတဲ့အတိုင်းဘဲ ငွေသိမ့်မက်တာ အခုလည်းကြည့်ပါလား အောင်အောင်ဆိုတဲ့ သင်္ဘောသားကို ပြုစုဧည့်ခံနေလိုက်ကြတာ သားအရင်းတစ်ယောက်ကျနေတာဘဲ ဆရာရေ ။ 
ဒီလောက် အခွင့်ရေးတွေပေးနေမှတော့ ကိုအောင်အောင်နှင့် မယုယုဝါတို့ အချစ်ဇာတ်လမ်း ဖြောက်ဖြူးသွားပြီပေါ့ ။ တနင်္ဂနွေနေ့ မယုယုဝါ ရုံးပိတ်ရက်ဆို ဘုရားသွားမယ် ရှော်ပင်သွားမယ်ဆိုပြီး  ကိုအောင်အောင် ဆိုင်ကယ်တစ်စီးနဲ့လာခေါ်သွားတာဘဲ ။ တစ်ခါတလေ သူငယ်ချင်းမွေးနေ့ ဘာနေ့ညာနေ့ဆိုပြီး ညဘက်ကြီးလာခေါ်သွားတာ ရှိသေးတယ်ဆရာရယ် ။ ကိုဇာနည်ကတော့ မယုယုဝါတို့ သမီးရည်းစားပျော်နေတာကိုကြည့်ပြီး မျက်ရည်ဝဲကာ

 “ မယုယုဝါ ပျော်နေတယ်ဆိုရင်ဘဲ  ငါကျေနပ်ပါတယ်ကွာ ..သူငါ့ကို ပြန်မချစ်လည်း ပြဿနာမရှိပါဘူး အဓိကက ငါသူကိုချစ်နေရဖို့ဘဲ...ဒါပေမဲ့ ငါကြောက်တာ တစ်ခုရှိတယ်ကွာ သူငါနဲ့ဝေးရာ 
ထွက်ပြေးသွားမှာ .. ”

ဘာထူးလည်း ဆရာရယ် အခုလည်းမယုယုဝါ သူများရင်ခွင်ကြားရောက်နေပြီဆိုမှာတော့ သူနဲ့ဝေးပြီးပေါ့ ။
ဘယ်လိုဘဲဖြစ်နေဖြစ်နေ မယုယုဝါ ဒီနေရာကနေ ထွက်မသွားရင် ကိုဇာနည်တစ်ယောက် ကျေနပ်နေမှာဘဲ ။
ကိုဇာနည်အဖြစ်ကိုကြည့်ပြီး သူငယ်ချင်းဖြစ်တဲ့ ကျွန်တော်တို့လည်း စိတ်မကောင်းကြဘူး ဆရာရယ် ။
တစ်နေ့တော့ ကိုအောင်အောင်တစ်ယောက် သင်္ဘောပြန်တတ်သွားတယ်လို့ သတင်းကြားပြီး မျက်နှာလုံးဝ ပြန်ပေါ်မလာတော့ဘူး ဆရာရေ ။ နောက်သုံးလေးလလည်းရောက်ရော မာနကြီးတဲ့ အလှပိုင်ရှင်မလေး မယုယုဝါတစ်ယောက် မျက်ရည်တစ်ဇမ်းဇမ်းနဲ့ ငိုယိုပြီး အိမ်ထဲမှအိမ်ပြင်မထွက်တော့ဘူး ဆရာရေ ။ မယုယုဝါ မျက်နှာကိုမမြင်ရရင် မနေနိုင်တဲ့ ကိုဇာနည်တစ်ယောက် နေမကျထိုင်မကျဖြစ်ပြီး မယုယုဝါတို့အိမ်ရှေ့က ခေါက်တုံ့ခေါက်ပြန်လျှောက်ရင် ခိုးချောင်းနေရှာတယ် ကိုယ့်ဆရာရယ် ။
နောက်ဆုံးတော့ ကိုဇာနည်တစ်ယောက်ကံဇာတာဘဲ တတ်လာတာလားမသိ မယုယုဝါရဲ့အမေ ဒေါ်ဝါဝါအေး ကိုယ်တိုင်အိမ်လာပြီး ဒီလိုလာပြောသွားတယ်တဲ့ ။

“ ငါ့သားဇာနည် မင်းအန်တီသမီး မယုယုဝါကို ချစ်နေတယ်ဆိုတာ ဟုတ်ပါသလားကွယ်... ” 

“ ဟုတ်...ဟုတ်..ပါတယ် အန်တီရယ်... ” 

“ ဒါဆို့ အန်တီသမီးကို လူကြီးမိဘစိုလင်စွာနဲ့ လာတောင်းရန်းပါလား သားရယ်... ” 

“ ကျွန်တော် မဖြစ်နိုင်ဘူးလို့ထင်တယ် အန်တီ ” 

“ ဘာဖြစ်လို့လည်း သားရယ်.. ” 

“ အန်တီသမီး ကျွန်ပ်ကို မချစ်နိုင်ဘူးလို့ထင်တယ် နောက်ပြီး သူ့ရည်းစား သင်္ဘောသား ကိုအောင်အောင်ကလည်း ရှိသေးတယ်မဟုတ်လား ”

“ အန်တီသမီး မောင်ဇာနည်ကို ချစ်ရှာပါတယ်ကွယ်...နောက်ပြီး မောင်အောင်အောင်ကလည်း သင်္ဘောမှောက်တာ သေလားရှင်လားတော့မသိ အခုဆို တစ်လကျော်နေပြီ အန်တီအထင်တော့ အောင်အောင်သေပြီထင်တာဘဲ ဇာနည်ရယ် ” 

“ ဟုတ်ပြီ.. ဒါဆိုကျွန်တော်နားလယ်ပြီအန်တီ ဒါပေမဲ့ အိန်တီ့ သမီးကိုလာတောင်းရန်းဖို့ လူကြီးမိဘတွေဆိုတာ ကျွန်ပ်မှာ မရှိတော့ပါဘူး အန်တီ...ဒါဘယ်လို့လုပ်မလဲ ”

“ ဒါလွယ်ပါတယ် ဇာနည်ရယ် .. ရပ်ကွက်လူကြီး နှစ်ယောက်သုံးယောက်လောက်ခေါ်ပြီး လာတောင်းပေါ့ ”

မနက်ဖြန်ရောက်တော့ ဒေါ်ဝါဝါအေးပြောတဲ့အတိုင်း ရပ်ကွက်ထဲက လူကြီးသုံးလေးယောက်နဲ့ ကန်တော့ပွဲတစ်ပွဲပြင်ကာ မိန်းမသွားတောင်းလေတော့သည် ။ ဟိုရောက်လို့ကြည့်လိုက်တော့  မယုယုဝါ မျက်နှာသိပ်မကောင်း သူ့ရည်စားကို လွမ်းလို့ ငိုထားတယ်ထင်ပါရဲ့  မျက်လုံးတွေ စူအစ်ပြီး မျက်နှာကဖေါင်းနေတာဘဲ ဆရာရေ ။
နောက်ပြီး ဒေါ်ဝါဝါအေးကလည်း လူကြီးတွေကိုပြောလိုက်သေးတယ် ။ နောက်လာမဲ့ ဗုဒ္ဓဟူးနေ့မှာ မင်္ဂလာဆောင်ပေးမယ်ဆိုလားဘဲ ။ ကိုဇာနည်တစ်ယောက် ပျော်လွန်းလို့ပြုံးနေလိုက်တာ သွားတွေကို ဖြည်းနေတာဘဲ ဆရာရယ် ။
အားလုံးပြောပြီးဆိုပြီးလို့လူကြီးတွေ အိမ်ကိုလည်းပြန်ရော

 “ ဇာနည် အန်တီ သားကိုပြောစရာရှိလို့ ခဏနေခဲ့အိုးနော် " တဲ့ 

အိမ်ထဲမှာ မယုယုဝါတို့ မိသားစုနဲ့ ကိုဇာနည်တစ်ယောက်သာ ကျန်တော့ 

“ ဟုတ်ကဲ့ အန်တီပြောပါ ” 

“ ဒီလိုပါကွယ် ... အခုအန်တီသမီးမှာ မောင်အောင်အောင်နဲ့ရထားတဲ့ ကိုယ်ဝန်ရှိနေတယ် ... အဲဒါ ဇာနည် ဘာလိုသဘောရလဲ .. ” 

“ ဘယ်လိုမှာ သဘောမထားပါဘူးအန်တီ၊ မယုယုဝါ ကိုချစ်မှတော့ သူရင်သွေးလေးကိုလည်း ချစ်ရမှာပေါ့”

 ကိုဇာနည် မျက်နှာလုံးဝမပျက်ဘဲ ကျေကျေနပ်နပ်ကြီး လက်ခံလိုက်တယ် ။သုခမျှ မယုယုဝါကို ရမယ်ဆိုရင် အသေရရ အရှင်ရရ ကျေနပ်မဲ့သူလေ ဆရာ ။ 
နောက်ပြီး ကိုဇာနည်တစ်ယောက် မပေါ့မပါးဖြစ်နေတဲ့ သူ့ဇနီးလောင်းလေး ချိုးဖို့အတွက် ရေတွေကို ကိုင်တိုင်ခပ်ပေး ၊ တစ်ကိုယ်လုံးလိမ်းဖို့ သနက်ခါးတွေ သွေးပေးနေလိုက်တာလည်း  ပြောမနေပါနဲ့ဆရာရယ် ။ ဒါတင်မကသေးဘူးဆရာရေ မယုယုဝါရဲ့ အင်္ကျီ ထမီ အတွင်းခံ အကုန်လုံးလျှော်ပေးနေတော့တာ  ။ သူငယ်ချင်းဖြစ်တဲ့ ကျွန်တို့လည်း ကိုဇာနည်ကို ဒီလိုမလုပ်ဖို့ ဝင်တားပါသေးတယ် ဒါပေမဲ့ သူက လက်မခံ ။ ဘာလည်း သူကျွန်တော်တို့ကိုပြောတာ တစ်ခုရှိသေးတယ် ။

“ မင်းတို့တွေ ငါ့ကိုမနာလိုဖြစ်နေကြတယ်မဟုတ်လား ” တဲ့ 

ဘယ်လိုမှ ပြောမရတဲ့နောက်တော့ ကျွန်တော်တို့လည်း လူမုန်းဆေးမခံတော့ဘူး ဖြစ်ချင်ရာဖြစ်ဆိုပြီး လွတ်ထားလိုက်တော့တာဘဲဆရာရယ် ။ ဒါပေမဲ့ ဟိုကောင်မ မယုယုဝါက ကိုဇာနည်ကို လုံးဝအနားကပ်မခံဘူးတဲ့ ။ ကိုဇာနည်တစ်ယောက် နွားကြီးကျနေတာဘဲ ဆရာရယ် ။ 
ဒီလိုနဲ့ မင်္ဂလာဆောင်မဲ့ ဗုဒ္ဓဟူးနေ့ကို ရောက်တော့ ကိုဇာနည်တစ်ယောက် သတိုးသားဝတ်စုံကြီးဝတ်ပြီး ကျွန်တော်တို့ကို ကြွားနေလိုက်တာဆရာရယ် ။ သူကြွားလည်း ကြွားချင်စရာဘဲလေ ဆရာရေ သူ့ဇနီးချော်လေး မယုယုဝါကလည်း သတိုးသ္မီးဝတ်စုံကြီးနဲ့ လှချင်တိုင်းလှနေလိုက်တာကိုး ။ ကျွန်တော်တို့ရက်ကွက်ထဲမှာဆို မယုယုဝါကို အလှပြိုင်မဲ့ ပြိုင်ဘက်မိန်းကလေးက တစ်ယောက်မှ မရှိသေးတာ ။ ကျွန်တော်ဖြင့် ကိုဇာနည်ကို ကြည့်ပြီး အားကျနေလိုက်တာ ဆရာရယ် ဒါပေမဲ့ သူ့လိုတော့ လှည်းကျိုးတော့ မထမ်းချင်ဘူးလေ ။ အိမ်ထောင်ဘက်ရွေးတယ်ဆိုတာ နှစ်ယောက်စလုံး သန့်ရှင်းမှကောင်းတာ မဟုတ်လား ဆရာ ။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ကတော့ ခံစားချက်ဘယ်တူပါမလဲ ဆရာရယ် ။ ဒါတွေမပြောတော့ပါဘူးဆရာရယ် သူတို့ မင်္ဂလာပွဲမှာ မင်္ဂလာအကြောင်းဘဲ ပြောရအောင် ။ 
             ဘယ်ကနေ စပြီးပြောရမလဲ အော်..သိပြီ သိပြီ ဆရာ ။ သူ့တို့မင်္ဂလာပွဲမှာ  ဖွင့်ထားတဲ့ မင်္ဂလာတေးသီချင်းတွေကလည်း မြူးလိုက်တာ ဆရာရယ် ။ ကျွန်တော်ဖြစ် ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာဧည့်ခံပွဲ တစ်သက်မှာ ဒီတစ်ခါမထမဦးဆုံးမြင်ဘူးတာ ။
နောက်ပြီး သတိုးသ္မီး ကြည်ဖြူသလား မကြည်ဖြူလားတော့ မသိ ကိုဇာနည်တစ်ယောက် သတိုးသ္မီး မယုယုဝါရဲ့ လက်ကိုအတင်းဆွဲပြီး လာတဲ့ ဧည့်သည်တော်တွေကို လိုက်ပြီးဧည့်ခံနေလိုက်တာဘဲ ။ 
လာလိုက်တဲ့ ဧည့်သည်တွေကလည်း သူဌေးတွေကြီးသတ်သတ်ဆရာရေ ။ အဲဒီနေ့ကဆို ကျွန်တော်တို့ ရပ်ကွက်လမ်းတွေထဲမှာ ကားတွေဆို ပြည့်ကြပ်နေတာဘဲဆရာရေ ။ နောက်ဆုံးတော့ ဘယ်ကနေဘယ်လို ပြန်ပေါ်လာတာလည်းမသိ ကိုအောင်အောင်တစ်ယောက် သူ့အမေနဲ့ မင်္ဂလာပွဲကိုရောက်လာကြတယ်လေ။
ကိုအောင်အောင်ရောက်လာတယ်ဆိုတာ ရိုးရိုးလာတာမဟုတ်ဘူး ဒီမင်္ဂလာပွဲကို ပျက်ဖို့လာတာ ။ 
ကိုအောင်အောင်က ဖွင့်ထားတဲ့ သီချင်းတွေကိုပိတ်ပြီး

               “ ဒီမင်္ဂလာဧည့်ခံပွဲကို ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများ ခင်ဗျား အခု ဇာနည်နဲ့ ထိမ်းမြားလက်ထပ်ပေးနေတဲ့ မယုယုဝါဟာ အရင်က ကျွန်တော်နဲ့ ချစ်သူတွေဖြစ်ခဲ့ဘူးပါတယ် ခင်ဗျား နောက်ပြီး သူနဲ့ ကျွန်တော်ဟာ တရားရုံးမှာ နှစ်ယောက်သဘောတူလက်မှတ်ထိုးထားပြီးပါပြီး ခင်ဗျား 
ဒါတင်မကသေးဘူး အခုသူမှာ ကျွန်တော်နဲ့ရထားတဲ့ ကိုယ်ဝန်ရှိနေပါတယ်ခင်ဗျား ” 

ကိုအောင်အောင်ရဲ့ အော်သံကြောင့် ကိုဇာနည်နှင့်အတူ ဒေါ်ဝါဝါအေးတို့ မှာ
လူဘုံအလယ်ကြားအရှက်ကွဲဝမ်းနည်းဖြစ်ရတာပေါ့ ဆရာရယ် ။
ဒါပေမဲ့ မယုယုဝါကသူလက်ကိုဆွဲထားတဲ့ ကိုဇာနည်ရဲ့လက်ကိုဖြုတ်ကာ ကိုအောင်အောင်ဘက်ကို ပြေးလေတော့တယ် ဆရာရေ ။ ဒီအဖြစ်ကိုကြည့်ပြီး ကျွန်တော် ဝမ်းနည်းလိုက်တာ ဆရာရယ်.. ကိုဇာနည်တစ်ယောက် မဗေဒါ မြေလူးဆိုသလိုဘဲ သူအရှက်လည်းကွဲ ဝမ်းလည်းနည်း ဖြစ်ရရှာတယ် ဆရာရယ် ။ အရှက်ကွဲတာ ကိုဇာနည်တစ်ယောက်တည်း မဟုတ်သေးဘူးဆရာ မယုယုဝါရဲ့ အမေ ဒေါ်ဝါဝါအေးပါ အရှက်ကွဲတာ သူလည်းရှက်လွန်းလို့ မျက်နှာထားစရာနေရာတောင်မရှိတော့ဘူး ။ အဒီနေ့ကဘဲ သူ့သမီး မယုယုဝါကို သမီးဖြစ်မှ စွန့်လွတ်လိုက်တာ

 “ ငါသေလည်း မင်းလာမကြည့်နဲ့ မင်းသေလည်း ငါမလားဘူး ” တဲ့ 

ကိုအောင်အောက်ကတော့ မယုယုဝါကို သူ့တို့အိမ်ခေါ်သွားလိုက်တာပေါ့ ။ ဒါပေမဲ့ အသည်းကွဲပြီး ကျန်နေတာက ကိုဇာနည် ၊ သုခမျှာ သုံးလေးလလောက် ရူးကြောင်ကြောင်ဖြစ်သွားသေးတာ ။
               နောက်ထပ်သိပ်မကြာဘူး မယုယုဝါ ခလေးမွေးတာ ဘာအခတ်အခဲ ရှိတယ်ဆိုလည်းမသိ ခလေးမမွေးနိုင်ဘဲ အသက်ပါဆိုးသွားတယ်တဲ့ ဆရာရေ ...အဲဒီသတင်းကို ကိုဇာနည်လည်းကြားရော မယုယုဝါကို သတ်တာ ဟိုကောင်သင်္ဘောသား အောင်အောင်ကြောင့်ဆိုပြီး ကိုဇာနည်က ကိုအောင်အောင်ကို လိုက်သတ်တာ ကိုအောင်အောင်ပြေးမြန်လို့ပေါ့ဆရာရယ်..အခုတော့ ကိုအောင်အောင်တစ်ယောက်ဘယ်နေရာရောက်နေလည်း မသိ ။ ကိုဇာနည်ကတော့ မယုယုဝါရဲ့ အုတ်ဂူးလေး နဘေးမှာ ထမင်းမစား ဟင်းမစားနဲ့ နေ့ရောညပါ သွားပြီးငိုနေတော့တာ ဆရာရယ် ။

ပြီးပါပြီ....

ရန်ကျော် ( ထားဝယ် ) ဆက်လက်ကြိုးစားလျှက်

ဒီဝတ္ထုတိုလေးကိုဖတ်ပြီး သူငယ်ချင်း ဘယ်လိုခံစားရပါသလဲ ..ကျွန်တော် သိခွင့်ရနိုင်မလား ?

သွးပျက်တဲ့ ည

           မောင်ရန်ကျော်နှင့် မောင်မျိုးခေါ် လူငယ်လေးနှစ်ယောက်သည် တစ်နေရာတည်းတွင် အလုပ်တူတူလုပ်နေကြရင် ခင်မင်ရင်းနီးကာ သူတို့နှစ်ယောက်ပေါင်းပြီး အိမ်ခန်းတစ်ခန်းငှားလိုက်ကြသည်။သူ့တို့ငှားထားသော ၎င်းအိမ်ခန်းမှာ လူသူတို့နဲ့ဝေပြီး တောင်ပေါ်တစ်နေရာတွင် တည်ရှိသည်ဖြစ်၍ ဘယ်အိမ်ငှားကမှ

သဘောမကျ နောက်ပြီးအဲဒီအိမ်ခန်းမှာ အရင်က အသက်နှစ်ဆယ်ကျော် ကောင်မလေးတစ်ယောက် သူ့ရည်းစားထားခဲ့ လို့ဆိုပြီး အသဲကွဲကာ သူ့ကိုယ်သူ ဇက်ကြိုးဆွဲကာ အဆိုး စီရင်ခဲ့ဘူးတယ်တဲ့ ။
ထိုအကြောင်းရာများကို မောင်ရန်ကျော်နှင့် မောင်မျိုးတို့ကတော့ လုံးဝမသိရှာ ။ ဒါကြောင့်လည်း သူ့တို့နှစ်ယောက်က အိမ်ခန်းဈေးသန့်သည်ဟု ပြောကာ ချက်ချင်းငွေခြေပြီး ချက်ချင်းအိမ်ခန်းပြောင်းလာလိုက်ကြသည်။ အိမ်ခန်းတွေကို မငှားရလို့ စိတ်ညစ်နေတဲ့ အခန်းပိုင်ရင်ကတော့ 
သူ့တို့နှစ်ယောက် အိမ်ခန်းပတ်ဝန်းကျင်မှာ ပေါက်နေတဲ့ မျက်ပင်များကို ဓါးကောက်ဖြစ်ရှင်းလင်းနေတာကိုကြည့်ပြီး သဘောတွေကြနေသည်။နောက်ပြီး အိမ်ခန်းပိုင်ရှင်က သူ့တို့နှစ်ယောက်ကို လှန်းပြောနေသည်။

“  သားငယ်တို့ရေ အန်တီးမှာ အိမ်ခန်းတွေကျန်သေးတယ်နော် ... သားတို့ သူငယ်ချင်းတွေထဲက အိမ်ခန်းလိုချင်တဲ့ လူရှိရင် အန်တီဆီကို ဖုန်းဆက်လိုက်နော် ”

“ ဟုတ်ကဲ့ ပါခင်ဗျား.. ကျနော်တို့ သူငယ်ချင်းတွေကို မေးပေးပါမယ် ခင်ဗျား ” မောင်ရန်ကျော်က လှန်းဖြေလိုက်တယ်။

ည ခုနှစ်နာရီလောက်ရောက်တော့ သူတို့နှစ်ယောက်ထမင်းစားပြီး စကားပြောရင်းနဲ့ ကုတင်တစ်လုံးစီတွင် အိပ်နေကြသည်။

“ ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ အတူဆုံးနေကြ ဒီလိုအချိန်လေးရောက်လာ ဟိုအရင်က
အပြာရောင်အိပ်မက်လေးကို ငါတမ်းတလွမ်းနေဆဲ " 

မောင်မျိုးက သူ့ရဲ့ ဖုန်း Rine tone သံ မဆုံးခင် ဖုန်းကို ကိုင်လိုက်ပြီး

“ ဟယ်လို " 

“ ဟယ်လို .. မောင်မျိုး မင်းအခုဘယ်မှာလဲ ငါ့မွေးနေ့ကိုမလာတော့ဘူးလား ”

“ ဟား.. ဟုတ်သားဘဲ ဒီနေ့အကို့မွေးနေ့ကို ကျွန်တော်မေ့နေလိုက်တာ တောင်းပန်ပါတယ်ဗျာ "

“ ရပါတယ်ကွာ ... ဒါပေမဲ့ မင်းဖြစ်အောင်တော့ လာခဲ့ပေါ့ ၊ ငါ့စောင့်နေမယ် "

“ ဟုတ်ကဲ့.. ဟုတ်ကဲ့ ကျွန်တော် အခုဘဲ ထွက်လာခဲ့မယ် ”

မောင်ရန်ကျော်ကို မောင်မျိုးက သူ့သူငယ်ချင်းရဲ့ မွေးနေ့ပွဲကို အတူသွားရန်ခေါ်ပေမဲ့ မောင်ရန်ကျော်မှာ တစ်နေကုန်ပင်ပန်းထားတယ်ဆိုပြီး မလိုက်ချင်ပေမဲ့ မောင်မျိုးကိုတော့ တောင်ခြေရင်းထိ လိုက်ပို့ပေးသေးသည်။
သူ့ငယ်ချင်းကို လိုက်ပို့ပေးပြီးအပြန် လမ်းမှာ ဆနွင်းအနှံ့နှင့် ထမင်းသိုးနှံ့တွေက တစ်လမ်းလုံး ထွန်းထွန်းထအောင် နံနေသည်ဖြစ်၍ မောင်ရန်ကျော်တစ်ယောက် ကြောက်ပြီး ကြွက်သီးတွေ တစ်ကိုယ်လုံးထနေသည် ။ သူကြောက်ကြောက်နဲ့ဘဲ အိမ်ခန်းကို ခြေလှမ်းခပ်သုတ်သုတ်လေး လျှောက်သွားခဲ့သည်။ အိမ်ခန်းရောက်လို့ တစ်ယောက်တည်း မအိပ်ရဲးတော့ သုခမျှာ ရေနံဆီမီးခွက်လေး ထွန်းကာ အိပ်ယာကုတင်ပေါ်တွင်မှောက်လျှက် စာအုပ်တစ်အုပ်ကိုယူပြီး ဖတ်နေရင်း အိပ်ပျော်သွားလေသည် ။ သူအိပ်မောကျနေတဲ့ အချိန်မှာပင် လူတစ်ယောက်က သူ့ရဲ့ ကုတင်အပေါ်လာပြီး တက်အိပ်သလိုမျိုး ခံစားရ၍ အိပ်ယာမှ လန့်နိုးပြီး ကြည့်လိုက်တော့ ရေနံဆီမီးခွက်လေးမှာ ရေနံဆီကုန်ပြီး မီးညိမ်းနေသည် ။ မီးမရှိတော့ သူဘယ်လိုလုပ်ပြီး မြင်ရမလဲ။ တစ်ခန်းလုံးမှောင်မဲနေတာပေါ့ ။ သူကြောက်လွန်းလို့ ခေါင်းမှာ ဆံပင်များထောင်ပြီး ရေနံဆီကုန်နေတဲ့ မီးခွက်လေးကိုပင် သိလျှက်နဲ့ မီးပြန်ထွန်းလိုက်သည် ။ သူထွန်းထားသော မီးခွက်လေးမှာ ရေနံဆီမရှိသဖြင့် မီးက မှိန့်တုတ်မှိန့်တုတ်ဖြစ်နေသည်ကိုကပင် ကြောက်စရာ တစ်မျိုးဖြစ်နေလေသည် ။ အိမ်နောက်ဖေး မီးဖိုခန်းထဲကလည်း အိုးခွက်ပုကန် အသံများက တစ်ဒိုးဒိုးနဲ့ မြည်နေပြီး တောင်ခြေရင်းကခွေး အူသံများလည်း တစ် ဝူးဝူး နဲ့ ကြားနေရသေးသည် ။
သုခမျှာ ကြောက်လွန်ပြီး ချွေးတွေ တစ်ကိုယ်လုံးထွက်နေပေမဲ့ စောင်ကိုခေါင်းပေါ်ကနေ ခြေရင်းထိချိုပြီး ပုဇွန်လိုကွေးကာ မျက်စီမှိန့်အိပ်နေလိုက်သည် ။ 

“ ဒေါက်...ဒေါက် ... ဒေါက်....ဒေါက်...” 

အခန်းတခါး ခေါက်သံကြားလိုက်ရတော့ မောင်မျိုးပြန်လာပြီထင်ပြီး လှန်းမေးလိုက်သည် ။

“ မောင်မျိုး... မင်းပြန်လာပြီးလား ” 

ခဏညိမ်သက်သွားပြီး 

“ ဒေါက်...ဒေါက် ... ဒေါက်....ဒေါက်...” အခန်းတခါးကို ခေါက်မြဲတိုင်းဆက်ခေါက်နေသည် ။

“ ဘယ်သူလည်း မောင်မျိုး မဟုတ်ဘူးလား ” 

မောင်ရန်ကျော် ကြောက်စိတ်တွေ နဂုံကထက်ပိုများလာပြီး ငိုသံခပ်ပါပါနဲ့ 
ထပ်မေးလိုက်သည် ။

“ အခန်းတခါးခေါက်နေတာ ဘယ်သူလဲ... ”

“ ကျွန်မပါ ... အပြင်မှာ အေးလွန်းလို အခန်းထဲကို ခဏဝင်ခွင့်ပြုပါ ” 

မိန်းကလေး အသံကြားလိုက်ရတော့ မောင်ရန်ကျော်ခမျှာ အံဩောသင့်ပြီး တခါးနားသို့ လာကပ်ကာ ထပ်မေးလိုက်သည် ။

“ အမက ဘယ်သူလဲ.. ညကြီးချိန်မတော် ဘယ်လိုလုပ်ပြီး ဒီနေရာရောက်နေတာလဲ ” 

“ အခန်းတခါးသာ မြန်မြန်ဖွင့်ပေးစမ်းပါရှင့် ... တကယ်လို့ မဖွင့်ပေးချင်ဘူးဆိုရင် ကျွန်မဘာသာ ကျွန်မဖွင့်ပြီး ဝင်ခဲ့မယ် ” 

“ မလုပ်ပါနဲ့ မလုပ်ပါ ” 

မောင်ရန်ကျော် စကားမဆုံးခင် အခန်းတခါးကြီး 

“ ဝုန်း ” ခနဲမြည့်ကာ ဖွင့်ထွက်သွားလေတော့သည် ။

“ အောင်မလေး ဘုရား... ဘုရား.....” 

ဘယ်လိုဖြစ်သွားတာဒုန်း ၎င်းအမကြီးနှင့်အတူ အပုတ်စော်အနှံလေများက အခန်းထဲ့ကို တိုးဝှေ့ဝင်လာတော့ မောင်ရန်ကျော်မှာ ထိုအနှံကို မခံနိုင်ဘဲ အော်ဂလိဆန်ချင်နေသည် ။

မီးခွက်က မှိန့်တုတ်မှိန့်တုတ်ဖြစ်နေပေမဲ့ ကောင်မလေးကိုတော့ သူကောင်းကောင်းမြင်နိုင်ခဲ့သည် ။ ရောင်ရန်းနေသော ခန္ဒာကိုယ်ကြီးမှာ ပုတ်စော်ရည်များနှင့် ပါးပြင်မှ ထိုးစားနေသော ပိုးလောက်များက ကြမ်းပြင်ပေါ် တစ်ရွဲရွဲနဲ့ ကျနေသည် ။ နောက်ပြီး မောင်ရန်ကျော်ဘက်ကို ဦးတည်ပြီးဝင်လာခဲ့ရာ မောင်ရန်ကျော်က နောက်ဆုတ်နောက်ဆုတ်နဲ့ တစ်လှမ်းချင်းလျှောက်ရင်း နံရံနှင့်တိုက်မီပြီး ညိမ်နေတဲ့ အချိန်မှာ ကောင်မလေးက သူ့လက်ကို အတင်းဆွဲကိုင်လိုက်သည် ။
ကောင်မလေးရဲ့ လက်တွေက ရေခဲလို အေးစက်နေသည် ။

“ ကျွန်မ ဒီအခန်းထဲမှာ အိပ်မယ် ရှင် သဘောတူရဲ့လား ”

“ မတူဘူး ... အမကို ကျွန်တော်ကြောက်တယ်... ကျွန်ပ်လက်ကို လွတ်ပါ... ”

“ သဘောမတူဘူးဆိုရင် မလွတ်ဘူး ...”

“ လွတ်လိုက်ပါဗျာ ... ကျွန်တော် တောင်းပန်ပါတယ် ” 

“ မလွတ်ဘူး ... ကျွန်မနဲ့ အတူတူမအိပ်ဘူးဆိုရင် လုံးဝ မလွတ်ဘူး ”

“ အောင်မလေး ... ကယ်ကြပါအိုးဗျား ... ကယ်ကြပါအိုး ... ”

ကျွန်တော် လှန့်နိုးသလိုလိုဖြစ်သွားသည် ။

“ ဒေါက်...ဒေါက်...ဒေါက်....ဒေါက်... ” 

အခန်းတခါးခေါက်ပြီး 

“ ကိုရန်ကျော်...ကို ရန်ကျော်... တခါးဖွင့်ပေးပါ ခင်ဗျား ” 

“ ဘယ်သူလည်း မောင်မျိုးလား ” 

“ ဟုတ်ကဲ့ ကျွန်တော်ပါ " 

မောင်ရန်ကျော် မောက်မျိုးကို အခန်းတခါးဖွင့်ပေးပြီး သူမက်ခဲ့သော ကြောက်စရာကောင်းတဲ့ အိပ်မက်အကြောင်းကိုပြောတော့ 

“ ဟုတ်တယ် အကိုကြီး အရင်က ဒီအခန်းမှာ ကောင်မလေးတစ်ယောက် သူ့ကိုယ့်သူ သတ်သေခဲ့တယ်တဲ့ ”

“ ဟုတ်လား ... မင်းကို ဘယ်သူပြောပြတာလဲ ” 

“ အခုမွေးနေ့ပွဲလုပ်တဲ့ ကျွန်ပ်သူငယ်ချင်းပြောပြတာ ၊ အရင်က သူတို့အတွေ ဟိုဘက်က အခန်းမှာလာနေပြီးပြီတဲ့ ၊ အကုန်လုံး သရဲခြောက်လိုကြောက်လို့ ပြောင်းသွားကြတယ်တဲ့ ”

“ ဒါဆို ငါ့တို့ ဘယ်လိုလုပ်ကြမလဲ ” 

“ ကျွန်တော် ဘယ်သိမလဲ အကိုဘဲ အခန်းဈေးသန့်တယ်ဆိုပြီး သုံးလစာ စပွန်ပေးလိုက်ပြီးပြီ မဟုတ်လား ” 

“ အေးကွာ ... ငါ့တို့နှစ်ယောက်တော့ ဒုက္ခဘဲ .. အခန်းထပ်ငှားဖို့ကလည်း လက်ထဲမှာ ပိုက်ဆံမရှိတော့ဘူး ” 

သူတို့နှစ်ယောက်ခပ်ကြောက်ကြောက်နဲ့ တစ်ယောက်တစ်ကုတင်စီ မအိပ်ရဲးတော့ဘဲ တစ်ကုတင်ကိုနှစ်ယောက်ပေါင်းပြီးအိပ်လိုက်ကြရာ မိုးလင်းသွားလေတော့သည် ။

ပြီးပါပြီ... စားလုံးပေါင်းမှားနေပါက ပြင်ပြီးဖတ်ကြပါရန် သနားခံပါသည်။

ဆက်လက်ကြိုးစားလျှက်....... ရန်ကျော် ( ထားဝယ် )

အဖေငတ်သူ


        
        လူရယ်လို့ဖြစ်လာပြီဆိုတာနဲ့ ပထမဦးဆုံး ပိုင်ဆိုင်ခြင်းဟာ အဖေနှင့် အမေသာ ဖြစ်လိမ့်မည်ဟု ကျွန်တော် ယူဆမိပါသည် ။ ကလေးတို့ သာဘဝ အသက်အရွယ် တစ်နှစ်ကျော် နှစ်နှစ် ဝန်းကျင်လောက်တွင် ပီကာလာ မပီကာလာနှင့် ပထမဦးဆုံး ပြောတတ်သော စကားလုံးမှာ ဖေဖေနှင့် မေမေ ဟု ဖြစ်လိမ့်မည် ။ သုံးနှစ်ကျော် လေးနှစ်လောက်ဆို စိတ်ဆိုးတတ် စိတ်ကောက်တတ်နေပြီဖြင့်၍ အဖေကို စိတ်ဆိုးလျှင် အမေဆီပြေး အမေ့ကို စိတ်ဆိုးလျှင် အဖေ့ဆီပြေးကာ တိုင်ပြောနေတတ်တဲ့ ကျွန်ပ်၏ သားလေးကိုကြည့်ပြီး အဖေငတ်ခဲ့တဲ့ ကျွန်ပ်ရဲ့ ငယ်ဘဝကို တွေးမိခဲ့ပါသည် ။ 
               အဖေနှင့် အမေသည် ကျွန်တော်အသက် သုံးနှစ်သားအရွယ်လောက်မှာပင် သဘောထားခြင်း မတိုက်ဆိုင်၍ အိမ်တွင်းရေး ပြဿနာများ အကြီးအကြယ်ဖြင့်ပြီး ကွာရှင်းလိုက်ရသည်ဟု အဘွားပြောပြခဲ့ဘူးသည် ။ အဖေသည် မုဆိုးအလုပ်ကို ဝါသနာပါသူဖြင့်၍ ကျွန်ပ်ကို အမေမွေးပြီးသည့်အတိုင် ၎င်းအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့သူဖြစ်သည် ။ ကျွန်ပ်အမေသည် အဖေရဲ့ မုဆိုးအလုပ်ကို အရင်ကခွင့်ပြုပေမဲ့ ကျွန်ပ်ကို မွေးပြီးသည်နောက်ပိုင်းတွင် အဖေကို ၎င်းအလုပ်မလုပ်ရန် အကြိမ်ကြိမ်တားခဲ့သည် ။ အမေသည် သတ္တဝါတို့ကို သနားချစ်ခင်သူဖြင့်၍ မိမိ၏သားနှင့်ပင် နှိုင်းရှင်ပြီး အဖေ့ကို သူတပါးအသတ် မသတ်ဖို့ ချော့တစ်လှည့် အကြမ်းတစ်ဖန်ဖြင့် ပြောခဲ့သူဖြစ်သည် ။ 

“ ကိုသန်းမြင့် ရယ်.. ကျွန်မတို့မိသားနှစ်ယောက်ကို ရှင့်ရဲ့ မုဆိုးအလုပ်မဟုတ်ဘဲ တခြား သမ္မာအာဇီဝကျတဲ့ အလုပ်တစ်ခုခုရှာပြီး လုပ်ကျွေးပါလားရှင်ရယ်... သူတပါးအသတ်ကို သတ်ပြီးမှစားနေရတဲ့ ထမင်းတွေကို ကျွန်မ မသဓီတော့ဘူးရှင်ရယ်...နောက်ပြီး ကျွန်မတို့ မွေးထားတဲ့ ကလေးကလည်း တစ်ဖြည်းဖြည်းနဲ့ အသက်ကြီးလာပြီ မဟုတ်လား... ဒါကြောင့် ကျွန်မတို့ ဇနီးမောင်နံနှစ်ယောက်  သမ္မာအာဇီဝကျတဲ့ အလုပ်တစ်ခုခုကို ရှာပြီး သားလေးရဲ့ ဘဝကိုလူတစ်လုံး သူတစ်လုံးဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရအောင်နော်... ” 

                  အမေအခုလို ပြောပြီးသည်နောက် အဖေသည် အရင်ကလို တောထဲကို တစ်ညအိပ် နှစ်ညအိပ် မဟုတ်တော့ဘဲ တစ်ပါတ်မှ နှစ်ပါတ် ဖြစ်ပြီး ပိုဆိုးသွားလေတော့သည် ။ အဖေတောထဲမှအပြန် သားကောင်များ ပါခဲ့သည်ရှိသော် ၎င်းသားကောင်အား သားဖြစ်သူ ကျွန်တော်မတွေ့ရလေအောင် အိမ်မှာ မဖျက်ဘဲ တခြားနေရာတစ်ခုခုမှာ ဖျက်ရန် အမေတောင်းဆိုခဲ့သည် ။ အကြောင်းမှာ ကျွန်တော်က သွေးမြင်လျှင် ထိပ်လန့်ပြီး ငိုတတ်ခြင်းကြောင့် ဖြစ်သည် ။ အခုထိလည်း ကျွန်တော် သွေးမြင်လျှင် ထိပ်လန့်စွာ ကြောက်ရွန့်နေဆဲပင် ။ ဒါပေမဲ့ အမေရဲ့ တောင်းဆိုမှုကို အဖေက လက်မခံဘဲ ရန်ပြန်ပြုလေသည် ။ အဖေရဲ့ ရန်ပြုခြင်းကို အမေခေါင်းထဲ မထည့်ပါ အဖေလမ်းမှန်ပြန်ရောက်လာဖို့အတွက်သာ ရည်ရွယ်ပြီး နောက်ထပ် ဒီမုဆိုးအလုပ်ကို ဆက်မလုပ်ရန် အတမ်တမ်တားခဲ့ပေမဲ့ အဖေက လုံးဝအရေးမလုပ်ဘဲ ပိုလို့သာဆိုးလာလေသည်။
တစ်ခါတလေ အဖေသည် သားကောင်များ မရလာပါက အရက်တွေ သောက်ကာ အမေ့ကို ဆူပူကြိမ်းမောင်းတဲ့ အဆင့်ထိရောက်လာလေသည် ။

“ မင်းကြောင့် ငါ သားကောင်ပြစ်လို့ မရတာ..ဘာလည်းကွာ အာလကားအိမ်မှာနေပြီး သတ္တဝါတွေ ကျမ္မာပါစေ ၊ ချမ်းသာပါစေနဲ့ တစ်ဇွတ်ထိုး မေတ္တာတွေပိုနေလိုက်တာ ...မင်း ဒီလိုမေတ္တာပိုပေးနေမှတော့ ငါ ဘယ်လိုလုပ်ပြီး သားကောင်ရတော့မလဲ ကွာ...မင်း သတ္တဝါတွေကို တကယ်မေတ္တာရှိတယ်ဆိုရင် ဘုန်းကြီးကျောင်းသွားပြီး မယ်သီလရှင် ဝင်ဝတ်လိုက်ပါလား...သားလေးကို ငါ့ဆီမှာသာ ထားခဲ့စမ်းပါ...ငါ့ သားကို ငါလုပ်ကျွေးနိုင်တယ် ကွ...” တဲ့ ။ 

အဖေသည် မုဆိုးဆိုတဲ့ အမည်နဲ့လိုက်ဖက်အောင် ကိုယ်အမူရာ နှုတ်အမူရာတွေ ကြမ်းထမ်းနေတော့သည်။ အဖေသည် အမေနဲ့ မညားခင်က အခုလို့ တောလိုက် မုဆိုးအလုပ်ကို တစ်ခါမှ မလုပ်ခဲ့ပေမဲ့ အဖော်ကောင်းလို့ အပေါင်းပျက် ဆိုသလို့ အဖေ လူပေါင်းမှားပြီး အခုတော့ မုဆိုးဘဝကို လုံးလုံးရောက်နေတော့သည် ။ ဒါပေမဲ့ အဖေရဲ့ အပေါင်းသင်းမိတ်ဆွေ သူငယ်ချင်းတွေကို အပြစ်တင်ပြောဆိုခြင်းတော့ လုံးဝ မဟုတ်ပါ ။ မိမိကောင်းလျှင် ဘယ်သူဖျက်ဖျက် ဘယ်ပျက်ပါမလဲ ။ ကျွန်ပ်အဖေ ကိုယ်တိုင်ကသာ ဒီတောလိုက် မုဆိုးအလုပ်ကို ဝါသနာပါလိုနေမှာပါ။ ဒီလိုနဲ့ အဖေနှင့် အမေ တစ်ယောက်နဲ့တစ်ယောက် စကားတွေများပြီးနောက် အဖေသေနတ် တစ်လတ်ကိုထမ်းကာ တောထဲ့ကို ဝင်သွားသည်မှာ နှစ်လခန်းမျှ ကြာသွားလေသည် ။ အမေသည် အဖေပြန်မရောက်လာသည့်နောက်ပိုင်း အဘွားရဲ့ ဥယျာဉ်ခြံထဲမှ မြေကွက်အလွတ် တစ်ကွက်တောင်းပြီး ဟင်းသီး ဟင်းရွက်ပင်များ စိုက်ရောင်းကာ သမ္မာအာဇီဝကျစွာဖြစ် ကျွန်ပ်ကိုကျွေးမွေးလေသည် ။ နောက်ထပ် ခြောက်လလောက်အကြာတွင် အဖေတောထဲမှ ထွက်လာပြီး ကျွန်တော်နဲ့အမေရှိတဲ့ အိမ်လေးကိုပြန်ရောက်လာသည် ။ အဖေ့တွင် ဂဏန်းများပါလာသည်ဟု အဘွားပြောပြပြန်သည် ။ ထိုဂဏန်းများဖြင့် အမေနဲ့ ကျွန်ပ်ကို အဖေပြန်လာချောသည် ။ ဒါပေမဲ့ အမေသည် အဖေထင်ထားသလို မိန်းမပျော့တစ်ယောက် မဟုတ်တော့ပေ ။ အမေ ဘယ်ပျော့တော့ မလဲ ။ အဖေက ရှစ်လလောက် သတင်းမပေး ဘာမပေးနဲ့ အစအနပျောက်နေခဲ့တာကို ။ အခုချိန်သည် ကျွန်ပ်အမေဟာ သတ္တိတွေ ကောင်းကောင်းရှိနေပြီ အဖေပြန်ရောက်လာလို့တော့ မဟုတ်ပါ အဖေထားခဲ့တဲ့ ရှစ်လအတွင်းမှာ အမေက သမ္မာအာဇီဝကျတဲ့ အလုပ်တစ်ခုနဲ့ သားလေးကို လုပ်ကျွေးနိုင်နေခြင်းကြောင့် ဖြစ်သည် ။ ဒါကြောင့်လည်း အမေ အဖေ့ကို စကားလုံးဝ ပြန်မပြောပေ ။ အဖေသည် အမေ့ကို စည်းရုံးလို့မရသည်နောက်တော့ ဘာမှ အသိမရှိသေးတဲ့ ကျွန်ပ်ကို ၎င်းဂဏန်းများ ကျွေးကာ စည်းရုံးလေတော့သည် ။ 

“ ဟား... ငါ့ သားက ဂဏန်းအတော်ကြိုက်ပါလားကွ ၊ သားနောက်ထပ် ယူအိုးမလား... ” အဖေက မေးသည်။

“ ဟုတ်ကဲ့ ယူအိုးမယ် ဖေဖေ...” ကျွန်တော် ပြန်ဖြေလိုက်သည်။

“ ငါ့ သားထပ်စားအိုးမယ် ဆိုရင်တော့ ဖေဖေ မနက်ဖြန် သွားဖမ်းပေးရမှာပေါ့ကွာ ... ဒီနေ့တော့ ဒါကုန်အောင်စားပေါ့နော်...” အဖေနဲ့ ကျွန်တော် ဂဏန်းများကို မြိန်ရှက်စွာ စားရင် စကားပြောနေကြသည် ။ 

“ .....ဝမ်း.....” ဂဏန်းအရိုးကို ကျွန်တော် မြိုချမိပြီး လည်ချောင်းတွင်တင်နေ၍ ကျွန်တော် ငိုခြင်းဖြစ်သည် ။

“ ဘာဖြစ်တာလဲ သား ဖေဖေကို ပြောစမ်း ဘာဖြစ်တာလဲ... ” အဖေဆိုတော့ စိတ်ပူတာပေါ့ ။ ဒါပေမဲ့ ကျွန်ပ်ရဲ့ လည်ချောင်းထဲက ဂဏန်းအရိုးကိုတော့ အဖေ ဘယ်လိုလုပ်ပြီး ပြန်ထုပ်ပေးရမလဲ မသိပေ ။ 

“ နာ နာ  ......နာ....နာ... ” ဟုပြောကာ  ပါးစပ်ကိုလက်ညိုးထိုးပြပြီး ကျွန်တော် ငိုနေသည် ။ 

“ ဘယ်နားမှာ နာနေတာလည်း သားရယ်... ပြစမ်းပြစမ်း ဖေဖေကိုပြစမ်း ” အဖေ ဘာမှာမလုပ်တတ်ဘဲ ကျွန်ပ်ကို မေးနေတဲ့အချိန်မှာ အိမ်ပေါ်က အမေဆင်းလာပြီး 

“ ရှင် ကျွန်မကလေးကို ဘာတွေကျွေးနေတာလဲ...” 

“ ဂဏန်းတွေ ကျွေးနေတာပါ မိန်းမရာ...” အဖေ့ စကားအဆုံးမှာ 

“ ဘာ... မိန်းမ ဟုတ်လား...ရှင်ကျွန်မကို မိန်းမလို့ မခေါ်နဲ့ နောက်ပြီး ရှင် ကျွန်မအိမ်က အခုချက်ချင်း ထွက်သွားပါ ၊ အခုချိန်မှာ ရှင် နဲ့ ကျွန်မ ဘာမှ မပက်သက်တော့ဘူး ” အမေက အဖေ့ကို အသံကျယ်လောင်စွာဖြစ်ပြောရင် ကျွန်ပ်၏ လည်ချောင်းထဲက ဂဏန်းအရိုး ပြန်ထွက်လာအောင် ပါးစပ်ထဲသို့ လက်ညိုးထိုးပြီး ကလော်ထုတ်နေသည်။ အမေရဲ့ လက်ညိုသည် ကျွန်တော်၏ လည်ချောင်းအထဲထိ အရှည်ကြီးဝင်သွားပြီး ဂဏန်းအရိုးများကို အမေ့လက်နှင့်အတူ ပါးစပ်မှ ပြန်အံထွက်လာသည် ။

“ ဂဏန်းအရိုးတွေက မနည်းပါလား... သား အခုဘယ်လိုနေသေးလဲ ။ လည်ချောင်းထဲမှာ နာနေသေးလား..”
အမေက စိတ်ပူရင်ဆာဖြစ်ပြီးမေးတော့ ကျွန်တော် ခေါင်းခါပြီး ပြန်ဖြေလိုက်သည် ။ 

“ ဟင်း..အင်း... မနာတော့ဘူး မေမေ...” 

“ ဟုတ်လား..ဒါဆို ကောင်းသွားပြီပေါ့ ” အမေ ပြောပြောဆိုဆိုဖြစ် ကျွန်ပ်ကို ပွေ့ချီကာ အိမ်ပေါ်သို့ ခေါ်သွားလေသည် ။ အဖေလည်း ကျွန်တော်နဲ့အမေ နောက်က ထပ်ကြပ် အိမ်ပေါ်သို့ တတ်လိုက်လာပြီး 
လက်ကျန်ဂဏန်းများကို ကျွေးပြန်သည် ။

“ ရှင်ဘယ်လိုဖြစ်နေတာလဲ..အခုပဲ ဂဏန်းအရိုးစူးလို့ ကလေးငိုနေတာ ရှင်မတွေ့ဘူးလား..”

“ ဘာမှ မဖြစ်ပါဘူးမိန်းမရယ်..ကလေးက ဂဏန်းကြိုက်တယ်လေ...ဒါကြောင့် ဒီလက်ကျန်ဂဏန်းတွေ ကျွေးမလို့ပါ...သားလေး လာလာ ဖေဖေ့ဆီလာခဲ့ ဒီမှာ အဖေ့သားအတွေက် ဂဏန်းတွေကျန်သေးတယ်..”
အမေပြောနေသည်ကြားက အဖေ ကျွန်ပ်ကို ဂဏန်းတွေ ခေါ်ကျွေးနေပြန်သည်။

“ ရှင်ဘယ်လို့ဖြစ်နေတာလဲ...” အမေက အဖေကိုပြောရင်း “ သား သွားမစားရဘူးနော်...” ကျွန်ပ်ကိုပြောပြန်သည် ။

“ ငါ့သားကို ငါချစ်လို့ ကျွေးနေတာ မင်းကဘာဖြစ်နေတာလဲ...”

“ ဘာ...ရှင်က ကလေးကို ချစ်တယ်ဟုတ်လား...ပြောစမ်းပါအိုး..ရှင် ဘယ်လိုလုပ်ပြီး ချစ်တာလဲ..”

“ ဟား...ငါ့ကလေးဘဲ ငါချစ်တာပေါ့..”

“ အော်...ဟုတ်လား။ ဒါဆို ရှင်ကလေးကို တကယ်ချစ်တာပေါ့ ” အမေက မေးပြန်သည် ။

“ မင်းဘာတွေလာမေးနေတာလဲကွာ..”

“ ရှင် ကလေးကိုချစ်တယ်ဆိုရင် ကလေးနဲ့ ကျွန်မကို ဘာဖြစ်လို့ ရှစ်လလောက်တောင် ပြစ်ထားခဲ့ရတာလဲ..
နောက်ပြီး ကလေးအနာဂတ် မလှမဲ့ ရှင့်ရဲ့ မုဆိုးအလုပ်ကို ဘာကြောင့် ဆက်ပြီးလုပ်နေရတာလဲ..ရှင် ကျွန်မကို ရှင်းပြစမ်းပါဦး..ရှင် တကယ်လို့ ကလေးကိုချစ်တယ်ဆိုရင်ကို ကျေးဇူးပြုပြီး ကျွန်မ တစ်ခုလောက်တောင်းဆိုပါရစေ။
ရှင်အခု လုပ်နေတဲ့ မုဆိုးအလုပ်ဟာ သမ္မာအာဇီဝမကျတဲ့ လမ်းစဉ်တစ်ခုမဟုတ်ဘူး။ ငရဲကိုသွားမဲ့ နည်းလမ်းတစ်ခုသာဖြစ်တယ်။ နောက်ပြီး ကလေးကို လူတစ်ယောက်ယောက်က မင်းအဖေက မင်းကိုဘာတွေ လုပ်ပြီး အသက်မွေးဝမ်းကြောင်းပြုသလဲလို့ မေးလာရင် ကလေးက ကျွန်ပ်အဖေက မုဆိုးပါ  ။ တောထဲမှာ သားရဲတရိဆ္တန်တွေကို သတ်ပြီး ကျွန်ပ်ကို လုပ်ကျွေးတာပါလို့ ဖြေရင် ရှင်ဘယ်လိုလုပ်မလဲ။  ရှင့်ကြောင့် ကျွန်မကလေး လူဘုံအလယ်မှာ မျက်နာငယ်ရလေမယ် ။ ရှင် ကလေးအတွက် ဒါတွေကို ထည့်ပြီးစဉ်းစားပေရဲ့လား။ ဒါကြောင့် အဲဒီ မုဆိုးအလုပ်ကို ရှင် ရှေ့ဆက်ပြီးလုံးဝ မလုပ်ပါနင့်တော့  ” အမေတစ်ယောက် မရပ်မနားဘဲ တတော့တော့ပြောပြီး ပေါက်ကွဲနေတော့သည်။

“ တော်စမ်းပါကွာ... ငါ့ရဲ့အလုပ်ကို မင်းပုံကြီးချက်ပြီး ပြောမနေစမ်းပါနဲ့ ငါ ကလေးကို ချစ်တာက ချစ်တာဘဲ ။ မုဆိုးတစ်ယောက်က ကိုယ့်ကလေးကို ကိုယ့်မချစ်ရတော့ဘူးလား ။ ဘာလဲကွာ..မင်းက ငါ မုဆိုးလုပ်နေတာကို ရှက်နေတာလား ။ မင်း ရှက်တယ်ဆိုရင် ငါကွာရှင်းပေးလိုရတယ်။ ဒါပေမဲ့ ငါ့ကလေးကိုတော့ မင်းကိုမပေးနိုင်ဘူး..ဒါဘဲ..” ပြဿနာ စနေလေပြီ။ 
                                      
    အဖေနဲ့အမေ ရန်တွေဖြစ်ကာ ကျွန်ပ်ကို သူပိုင်သည် ငါပိုင်သည်ဟု လုနေကြရင်း ကျွန်ပ်ကို ပိုက်ထားတဲ့အမေ့ကို အဖေဒေါသကြီးစွာဖြင့် သေနတ်တစ်လက်ယူပြီး ပြစ်လေတော့သည်။ 

“  ဒိုင်း.....” သေနတ်ကျည်ဆံက အမေဆီမရောက်ဘဲ မိုးပေါ်သို့ တတ်သွားလေသည် ။
အဖေရဲ့ သေနတ်အထိပ်ပိုင်းကို လူတစ်ယောက်က ဝင်လာပြီး မိုးပေါ်သို့ ထောင်မလိုက်ခြင်းကြောင့်ဖြစ်သည်။ 

“ မင်းတို့ လင်မယား ရန်ဖြစ်နေကြတာ ပြဿနာမရှိပေမဲ့ အခုလို သေနတ်နဲ့ပြစ်တာတော့ လုံးဝမကောင်းဘူးကွာ ။ ငါသာ အချိန်မီ မရောက်လာလို့ကတော့  အခုဆို တစ်ယောက်ယောက်တော့သေနေလောက်ပြီ ” 
ကျွန်တော်တို့ရွာက သူကြီးပြောနေခြင်းဖြစ်သည်။

“ ဟုတ်ကဲ့ပါ သူကြီး ကျွန်တော်မှားပါတယ် ။ ဒါကြောင့် ကျွန်ပ်ကို ဒီရွာကနေ ထွက်သွားခွင့်ပြုပါ ။ ဒါပေမဲ့ သားလေးကိုတော့ ကျွန်တော်ကို ခေါ်သွားခွင့်ပြုပါ ” အဖေက သူကြီးကို တောင်းဆိုခြင်းဖြစ်သည်။

သူကြီးက ကလေးကို သူ့အမေဆီမှာသာ ထားခဲ့ပါ ။ ကလေးက အမေနဲ့နေတာ ပိုပြီး သင့်တော်ပါတယ် ။ ဘာရယ် ညာရယ်ပေါ့ ။ နောက်ဆုံးတော့ အဖေသည် အမေနဲ့ ကျွန်ပ်ကို အပြီးပိုင် ထားခဲ့ပြီး ရွာကထွက်သွားလေတော့သည်။ ဒီအကြောင်းတွေကို အဘွား ခဏခဏပြောပြ၍ ကျွန်တော်သိရခြင်းဖြစ်သည်။ အမေကတော့ အဖေ့ကိုစိတ်နာတဲ့အပြင် ကျွန်ပ်ကိုပါ သူမကြိုက်တဲ့ အရာတွေကို စည်းကမ်းတကျ လိုက်နာဖို့ ပြောပြီး 
၁. သူတပါး၏ အသက်ကို မသတ်ရ
၂. သူတပါး၏ ဥစ္စာကို မခိုးရ
၃.  သူတပါး၏ သားမယားကို အပြစ်မမှားရ
၎.  သူတပါးကို လိမ်ညာပြီး စကားမပြောရ
၅.  အရက်သေစာ မသောက်စားရ ။
နောက်ပြီး ဘုရား တရား သံဃာ မိဘ ဆရာသမားများကို အာရုံပြု ကန်တော့ပြီးမှာ အိပ်ရာဝင်ပါဟု အမြဲတမ်း မှာကြားလေသည် ။ 

ကျွန်တော် အဖေမရှိတဲ့အနောက်ပိုင်း အမေကိုပင်  အဖေနဲ့အမေနှစ်ယောက်ပေါင်းကာ အားကိုးပြီး ချစ်နေရတော့သည် ။ အမေသည် အဖေလုပ်ရမဲ့ အလုပ်တွေကိုပါ တစ်ယောက်တည်း ရုန်းကန်လုပ်ရှားနေရသည်ကို ကျွန်တော်ကြည့်ပြီး စိတ်မကောင်းခဲ့ပေ ။ ဒါကြောင့် အမေ့ရဲ့အလုပ်တွေကို ကျွန်တော် ငါးနှစ်းသားအရွယ်လောက်ကပင် ကောင်းစွာကူညီတတ်နေလေပြီ ။ အမေ့ကိုအကူလုပ်ပေးရင်း ပင်ပန်းလာတဲ့အခါမျိုးမှာ အဖေကို ကျွန်တော် စိတ်နာသလိုလို မုန်းသလိုလို ဖြစ်ပြီး မေ့ပြစ်ဖို့ကြိုးစားခဲ့သည် ။ နောက် ကျောင်းနေရတဲ့ အရွယ်ရောက်တော့ မိဘနှစ်ပါးပြည့်စုံနေတဲ့ သူငယ်ချင်းတွေကို ကြည့်ပြီး ကျွန်တော် အဖေကို ပြန်လယ်တမ်းတလာပြန်သည် ။ အဖေတစ်ယောက် ဘယ်နေရာများရောက်နေပါလဲ ။ အဖေ့ကို  ကျွန်ပ် လွမ်းသလို့မျိုး အဖေလည်း ကျွန်ပ်ကို လွမ်းနေပါမလား ။ အခုချိန် ကျွန်ပ်ရင်ခွင့်ထဲကို အဖေပြန်ရောက်လာရင်သိပ်ကောင်းမှာဘဲ ။ အဖေကို ရင်မောစွာ မျှော်မှန်းတမ်းတနေပေမဲ့  ကျွန်တော်သာ ဆဌမ အတန်းရောက်တော့သည် အဖေပြန်ရောက်မလာပါ ။ ဒီလိုသာ သွေးအေးပြီးစောင့်နေလိုကတော့ အဖေကို ဒီတစ်သက် တွေ့ရမှာ မဟုတ်ဘူး ငါ အဖေ့ကိုတွေ့အောင် လိုက်ရှာမည်ဟု သန္နိဌာန်ကျပြီး လိုက်ရှာလေသည်။ ဒါပေမဲ့ အမေကို သိစေလို့ မဖြစ် ။  နောက်သုံးလေးနှစ်လောက်ရောက်တော့ အဖေရဲ့ သတင်းကို သူငယ်ချင်းတစ်ယောက်ရဲ့အကူညီကြောင်း သိခဲ့ရလေသည် ။ တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်ရောက်တော့ ကျွန်ပ်သူငယ်ချင်းနှင့်အတူ အဖေနေတဲ့ အိမ်လေးဆီသို့ သွားလေသည် ။ 

“ မင်္ဂလာပါ ခင်ဗျား ။ ဒီအိမ်က ဦးသန်းမြင့် ရဲ့ အိမ်ဟုတ်ပါသလား ခင်ဗျား ” အိမ်အရှေ့ဘက် မြေကွက်အလွတ်တစ်ခုတွင် ကုလားထိုင်တစ်လုံးပေါ် ထိုင်နေသော လူကြီးတစ်ယောက်ကို ကျွန်တော် ဝင်မေးလိုက်ခြင်းဖြစ်ပြီး ကျွန်ပ်ရဲ့ စိတ်ထဲတွင် ဒီလူကြီးဟာ အဖေများဖြစ်နေမလား ။ 

“ ဟုတ်ကဲ့... ဒီအိမ်ဟာ ဦးသန်းမြင့်ရဲ့ အိမ်ပါကွယ် ။ သားတို့ကို ဘာကိစ္စရှိလို့လဲ... ”   ဒီမေးခွန်းကို ကျွန်တော် ဘယ်လိုဖြေရမည်ဟု မသိဘဲ ခဏလေး ညိမ်သက်စွာတွေဝေနေပြီး

“ ကျွန်တော် အဖေဦးသန်းမြင့်နဲ့ တွေ့ချင်လို့ပါခင်ဗျား ။ ဦးလေးက ဘယ်သူလည်း ကျွန်ပ်အဖေ ဦးသန်းမြင့်လား ” 

“ သားက မူမူစန်းရဲ့ သားလား... လာ လာ အိမ်ပေါ်တတ်ရအောင် ” ဦးလေးက ကျွန်တော်တို့သူငယ်ချင်း နှစ်ယောက်ကို အိမ်ပေါ်သို့ ခေါ်သွားပြီး “ မိသိန်းရေ...ဒီကလေးနှစ်ယောက်အတွက် အအေးလေး ဖျော်ခဲ့စမ်းပါဦးကွယ်..” အန်တီတစ်ယောက်ကို ခေါ်ပြောလိုက်သည် ။ ကျွန်ပ်အထင်တော့ ဒီအန်တီဟာ အဖေရဲ့ နောက်အိမ်ထောင်များဖြစ်နေမလား ဟု တွေးမိလေသည် ။ ဒါပေမဲ့ အဖေက သူကိုယ်သူ ကျွန်ပ်ရဲ့ အဖေပါဟု လုံးဝ ဝန်မခံသေး ။

“ အဖေရယ် ကျေးဇူးပြုပြီး ကျွန်ပ်ကို အဖေလို့ ခေါ်ခွင့်ပြုပါလား ခင်ဗျား ” ကျွန်တော် ဆန္ဒစောစွာဖြင့် ပြောလိုက်လေရာ 

“ မင်းခေါ်ချင်လည်း ခေါ်ပေါ့ကွာ..ငါ မင်းကို ကိုယ်ချင်စာပါတယ်..” တဲ့ ။ အဖေရဲ့ စကားလုံးတွေဟာ နည်းနည်းလေးများ စိမ်းကားနေသလားဟု တွေးမိပေမဲ့ အဖေရင်ခွင်ကို အတင်းဝင်ဘက်ပြီး ကျွန်တော် ငိုလေတော့သည် ။ တစ်သက်တာ ကျွန်တော်အရမ်းတမ်းတနေသော အဖေကို အခုလို ဘက်လိုက်ရတော့ 
ကျွန်ပ်ရဲ့ ရင်ဘက်ထဲတွင် နွေးသလိုလို အေးသလိုလိုမျိုး ဖြစ်ခဲ့ရသည် ။

“ ဖေဖေ...ဖေဖေ..ဖေဖေရယ်... ကျွန်တော် ဖေဖေကိုအရမ်းချစ်တယ် ဖေဖေရယ် ”ဟု  ပြောပြီး ကျွန်တော် ဝမ်းသာအားရဖြစ် အဖေမျက်နာကို မော့ကြည့်လိုက်သည် ။ အဖေလည်း ကျွန်ပ်လို ငိုနေသည် ။ နောက်ပြီး ကျွန်ပ်ရဲ့သူငယ်ချင်းနဲ့ ကျွန်ပ်အဖေရဲ့ နောက်အိမ်ထောင်ဖြစ်တဲ့ အန်တီကြီးပါ ငိုနေတာ တွေ့လိုက်ရသည် ။

“ မငိုပါနဲ့တော့ ဖေဖေရယ်...ကျွန်တော်တို့ သားဘ အခုပြန်တွေ့နေရပြီဘဲ...မငိုနဲ့တော့နော်..” အဖေ့ရဲ့ ပါးပြင်ပေါ်က စီးဆင်းနေသော မျက်ရည်များကို ကျွန်တော် သုပ်ပေးရင် အဖေကိုပြောလိုက်ရာ

“ ဦးလေး စိတ်မကောင်းလိုက်တာ သားရယ်... ဦးလေးဟာ သားထင်နေတဲ့ သားရဲ့ အဖေ မဟုတ်ပါဘူးကွယ်..သားရဲ့ အဖေက ဒီလူ့လောကကြီးထဲမှာ မရှိတော့ဘူးကွဲ့....” အဖေကျွန်ပ်ကို လိမ်ပြီးများပြောနေသလား ဒါမှမဟုတ် ကျွန်တော်ပဲ နားများအကြားမှားလေသလားဟု ထင်ပြီး ထပ်မေးလိုက်သည် ။

“ ဘယ်လို...ဘယ်လို...ဘယ်လို...ပြောလိုက်တာလည်း ဖေဖေ...” 

“ သားရယ် ဦးလေးက သားရဲ့အဖေ မဟုတ်ပါဘူးကွယ်...သားရဲ့အဖေ ကိုသန်းမြင့်က လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကမှ ဆိုးသွားတာ ။ မင်းအဖေလည်း မင်းကို အရမ်းချစ်တာ ။ မင်းအဖေ မင်းကျောင်းသွားကျောင်းပြန် အမြဲတမ်းဆိုသလို့ဘဲ မင်းနောက်က လိုက်ပြီးခိုးကြည့်နေရတာ ။ မင်းအဖေဖြစ်က သနားစရာပါကွာ သူ့သားလေးကို ချစ်လွန်းလို့ သူခမျှာ မုဆိုးအလုပ်လည်း မလုပ်တော့ဘူးကွာ ။ အရက်လည်းမသောက်တော့ဘူး နောက်ဆိုးကွာ မင်းအမေ မကြိုက်တဲ့အလုပ်တွေကို အခုမှမလုပ်တော့ဘူးကွာ ”  တဲ့ ။

ဩော်...ကျွန်တော် ဘယ်ဘဝက ပြုခဲ့တဲ့ အကုသိုလ်ကံကြောင့်လည်းတော့ မသိ အဖေဆိုလို့ ခေါ်ခွင့် တွေ့ခွင်လေးတောင် မရလိုက်ပါလားဟု တွေးရင်း နောက်ဘဝ နောက်ခန္ဒာများ တကယ်ရခဲ့သည်ရှိသော် အဖေနှင့် အမေပြည့်စုံတဲ့ ဘဝမျိုး ဘုရားတပြည့်တော်ရရပါလို၏ဟု ဆုတောင်းရင်း ဘဝတပါးသို့ကူပြောင်းသွားခဲ့တဲ့အဖေလည်း ကောင်းရာသုဂတိ ဘုံဘဝသို့ရောက်ရပါစေသား ဟူ၍သာ ။

ရန်ကျော် ( ထားဝယ် )

MYANMAR DAILY NEWS
နောက်ဆုံးပေါ် မြန်မာ့သတင်းများကို နေ့စဉ်တင်ပေးနေပါပြီ