လူရယ်လို့ဖြစ်လာပြီဆိုတာနဲ့ ပထမဦးဆုံး ပိုင်ဆိုင်ခြင်းဟာ အဖေနှင့် အမေသာ
ဖြစ်လိမ့်မည်ဟု ကျွန်တော် ယူဆမိပါသည် ။ ကလေးတို့ သာဘဝ အသက်အရွယ်
တစ်နှစ်ကျော် နှစ်နှစ် ဝန်းကျင်လောက်တွင် ပီကာလာ မပီကာလာနှင့် ပထမဦးဆုံး
ပြောတတ်သော စကားလုံးမှာ ဖေဖေနှင့် မေမေ ဟု ဖြစ်လိမ့်မည် ။ သုံးနှစ်ကျော်
လေးနှစ်လောက်ဆို စိတ်ဆိုးတတ် စိတ်ကောက်တတ်နေပြီဖြင့်၍ အဖေကို စိတ်ဆိုးလျှင်
အမေဆီပြေး အမေ့ကို စိတ်ဆိုးလျှင် အဖေ့ဆီပြေးကာ တိုင်ပြောနေတတ်တဲ့ ကျွန်ပ်၏
သားလေးကိုကြည့်ပြီး အဖေငတ်ခဲ့တဲ့ ကျွန်ပ်ရဲ့ ငယ်ဘဝကို တွေးမိခဲ့ပါသည် ။
အဖေနှင့် အမေသည် ကျွန်တော်အသက် သုံးနှစ်သားအရွယ်လောက်မှာပင်
သဘောထားခြင်း မတိုက်ဆိုင်၍ အိမ်တွင်းရေး ပြဿနာများ အကြီးအကြယ်ဖြင့်ပြီး
ကွာရှင်းလိုက်ရသည်ဟု အဘွားပြောပြခဲ့ဘူးသည် ။ အဖေသည် မုဆိုးအလုပ်ကို
ဝါသနာပါသူဖြင့်၍ ကျွန်ပ်ကို အမေမွေးပြီးသည့်အတိုင် ၎င်းအလုပ်ဖြင့်
အသက်မွေးဝမ်းကြောင်းပြုခဲ့သူဖြစ်သည် ။ ကျွန်ပ်အမေသည် အဖေရဲ့ မုဆိုးအလုပ်ကို
အရင်ကခွင့်ပြုပေမဲ့ ကျွန်ပ်ကို မွေးပြီးသည်နောက်ပိုင်းတွင် အဖေကို
၎င်းအလုပ်မလုပ်ရန် အကြိမ်ကြိမ်တားခဲ့သည် ။ အမေသည် သတ္တဝါတို့ကို
သနားချစ်ခင်သူဖြင့်၍ မိမိ၏သားနှင့်ပင် နှိုင်းရှင်ပြီး အဖေ့ကို သူတပါးအသတ်
မသတ်ဖို့ ချော့တစ်လှည့် အကြမ်းတစ်ဖန်ဖြင့် ပြောခဲ့သူဖြစ်သည် ။
“
ကိုသန်းမြင့် ရယ်.. ကျွန်မတို့မိသားနှစ်ယောက်ကို ရှင့်ရဲ့
မုဆိုးအလုပ်မဟုတ်ဘဲ တခြား သမ္မာအာဇီဝကျတဲ့ အလုပ်တစ်ခုခုရှာပြီး
လုပ်ကျွေးပါလားရှင်ရယ်... သူတပါးအသတ်ကို သတ်ပြီးမှစားနေရတဲ့ ထမင်းတွေကို
ကျွန်မ မသဓီတော့ဘူးရှင်ရယ်...နောက်ပြီး ကျွန်မတို့ မွေးထားတဲ့ ကလေးကလည်း
တစ်ဖြည်းဖြည်းနဲ့ အသက်ကြီးလာပြီ မဟုတ်လား... ဒါကြောင့် ကျွန်မတို့
ဇနီးမောင်နံနှစ်ယောက် သမ္မာအာဇီဝကျတဲ့ အလုပ်တစ်ခုခုကို ရှာပြီး သားလေးရဲ့
ဘဝကိုလူတစ်လုံး သူတစ်လုံးဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရအောင်နော်... ”
အမေအခုလို ပြောပြီးသည်နောက် အဖေသည် အရင်ကလို တောထဲကို
တစ်ညအိပ် နှစ်ညအိပ် မဟုတ်တော့ဘဲ တစ်ပါတ်မှ နှစ်ပါတ် ဖြစ်ပြီး
ပိုဆိုးသွားလေတော့သည် ။ အဖေတောထဲမှအပြန် သားကောင်များ ပါခဲ့သည်ရှိသော်
၎င်းသားကောင်အား သားဖြစ်သူ ကျွန်တော်မတွေ့ရလေအောင် အိမ်မှာ မဖျက်ဘဲ
တခြားနေရာတစ်ခုခုမှာ ဖျက်ရန် အမေတောင်းဆိုခဲ့သည် ။ အကြောင်းမှာ ကျွန်တော်က
သွေးမြင်လျှင် ထိပ်လန့်ပြီး ငိုတတ်ခြင်းကြောင့် ဖြစ်သည် ။ အခုထိလည်း
ကျွန်တော် သွေးမြင်လျှင် ထိပ်လန့်စွာ ကြောက်ရွန့်နေဆဲပင် ။ ဒါပေမဲ့ အမေရဲ့
တောင်းဆိုမှုကို အဖေက လက်မခံဘဲ ရန်ပြန်ပြုလေသည် ။ အဖေရဲ့ ရန်ပြုခြင်းကို
အမေခေါင်းထဲ မထည့်ပါ အဖေလမ်းမှန်ပြန်ရောက်လာဖို့အတွက်သာ ရည်ရွယ်ပြီး
နောက်ထပ် ဒီမုဆိုးအလုပ်ကို ဆက်မလုပ်ရန် အတမ်တမ်တားခဲ့ပေမဲ့ အဖေက
လုံးဝအရေးမလုပ်ဘဲ ပိုလို့သာဆိုးလာလေသည်။
တစ်ခါတလေ အဖေသည် သားကောင်များ မရလာပါက အရက်တွေ သောက်ကာ အမေ့ကို ဆူပူကြိမ်းမောင်းတဲ့ အဆင့်ထိရောက်လာလေသည် ။
“
မင်းကြောင့် ငါ သားကောင်ပြစ်လို့ မရတာ..ဘာလည်းကွာ အာလကားအိမ်မှာနေပြီး
သတ္တဝါတွေ ကျမ္မာပါစေ ၊ ချမ်းသာပါစေနဲ့ တစ်ဇွတ်ထိုး မေတ္တာတွေပိုနေလိုက်တာ
...မင်း ဒီလိုမေတ္တာပိုပေးနေမှတော့ ငါ ဘယ်လိုလုပ်ပြီး သားကောင်ရတော့မလဲ
ကွာ...မင်း သတ္တဝါတွေကို တကယ်မေတ္တာရှိတယ်ဆိုရင် ဘုန်းကြီးကျောင်းသွားပြီး
မယ်သီလရှင် ဝင်ဝတ်လိုက်ပါလား...သားလေးကို ငါ့ဆီမှာသာ ထားခဲ့စမ်းပါ...ငါ့
သားကို ငါလုပ်ကျွေးနိုင်တယ် ကွ...” တဲ့ ။
အဖေသည်
မုဆိုးဆိုတဲ့ အမည်နဲ့လိုက်ဖက်အောင် ကိုယ်အမူရာ နှုတ်အမူရာတွေ
ကြမ်းထမ်းနေတော့သည်။ အဖေသည် အမေနဲ့ မညားခင်က အခုလို့ တောလိုက်
မုဆိုးအလုပ်ကို တစ်ခါမှ မလုပ်ခဲ့ပေမဲ့ အဖော်ကောင်းလို့ အပေါင်းပျက်
ဆိုသလို့ အဖေ လူပေါင်းမှားပြီး အခုတော့ မုဆိုးဘဝကို လုံးလုံးရောက်နေတော့သည်
။ ဒါပေမဲ့ အဖေရဲ့ အပေါင်းသင်းမိတ်ဆွေ သူငယ်ချင်းတွေကို
အပြစ်တင်ပြောဆိုခြင်းတော့ လုံးဝ မဟုတ်ပါ ။ မိမိကောင်းလျှင် ဘယ်သူဖျက်ဖျက်
ဘယ်ပျက်ပါမလဲ ။ ကျွန်ပ်အဖေ ကိုယ်တိုင်ကသာ ဒီတောလိုက် မုဆိုးအလုပ်ကို
ဝါသနာပါလိုနေမှာပါ။ ဒီလိုနဲ့ အဖေနှင့် အမေ တစ်ယောက်နဲ့တစ်ယောက်
စကားတွေများပြီးနောက် အဖေသေနတ် တစ်လတ်ကိုထမ်းကာ တောထဲ့ကို ဝင်သွားသည်မှာ
နှစ်လခန်းမျှ ကြာသွားလေသည် ။ အမေသည် အဖေပြန်မရောက်လာသည့်နောက်ပိုင်း
အဘွားရဲ့ ဥယျာဉ်ခြံထဲမှ မြေကွက်အလွတ် တစ်ကွက်တောင်းပြီး ဟင်းသီး
ဟင်းရွက်ပင်များ စိုက်ရောင်းကာ သမ္မာအာဇီဝကျစွာဖြစ်
ကျွန်ပ်ကိုကျွေးမွေးလေသည် ။ နောက်ထပ် ခြောက်လလောက်အကြာတွင် အဖေတောထဲမှ
ထွက်လာပြီး ကျွန်တော်နဲ့အမေရှိတဲ့ အိမ်လေးကိုပြန်ရောက်လာသည် ။ အဖေ့တွင်
ဂဏန်းများပါလာသည်ဟု အဘွားပြောပြပြန်သည် ။ ထိုဂဏန်းများဖြင့် အမေနဲ့
ကျွန်ပ်ကို အဖေပြန်လာချောသည် ။ ဒါပေမဲ့ အမေသည် အဖေထင်ထားသလို
မိန်းမပျော့တစ်ယောက် မဟုတ်တော့ပေ ။ အမေ ဘယ်ပျော့တော့ မလဲ ။ အဖေက ရှစ်လလောက်
သတင်းမပေး ဘာမပေးနဲ့ အစအနပျောက်နေခဲ့တာကို ။ အခုချိန်သည် ကျွန်ပ်အမေဟာ
သတ္တိတွေ ကောင်းကောင်းရှိနေပြီ အဖေပြန်ရောက်လာလို့တော့ မဟုတ်ပါ အဖေထားခဲ့တဲ့
ရှစ်လအတွင်းမှာ အမေက သမ္မာအာဇီဝကျတဲ့ အလုပ်တစ်ခုနဲ့ သားလေးကို
လုပ်ကျွေးနိုင်နေခြင်းကြောင့် ဖြစ်သည် ။ ဒါကြောင့်လည်း အမေ အဖေ့ကို
စကားလုံးဝ ပြန်မပြောပေ ။ အဖေသည် အမေ့ကို စည်းရုံးလို့မရသည်နောက်တော့ ဘာမှ
အသိမရှိသေးတဲ့ ကျွန်ပ်ကို ၎င်းဂဏန်းများ ကျွေးကာ စည်းရုံးလေတော့သည် ။
“ ဟား... ငါ့ သားက ဂဏန်းအတော်ကြိုက်ပါလားကွ ၊ သားနောက်ထပ် ယူအိုးမလား... ” အဖေက မေးသည်။
“ ဟုတ်ကဲ့ ယူအိုးမယ် ဖေဖေ...” ကျွန်တော် ပြန်ဖြေလိုက်သည်။
“
ငါ့ သားထပ်စားအိုးမယ် ဆိုရင်တော့ ဖေဖေ မနက်ဖြန် သွားဖမ်းပေးရမှာပေါ့ကွာ
... ဒီနေ့တော့ ဒါကုန်အောင်စားပေါ့နော်...” အဖေနဲ့ ကျွန်တော် ဂဏန်းများကို
မြိန်ရှက်စွာ စားရင် စကားပြောနေကြသည် ။
“ .....ဝမ်း.....” ဂဏန်းအရိုးကို ကျွန်တော် မြိုချမိပြီး လည်ချောင်းတွင်တင်နေ၍ ကျွန်တော် ငိုခြင်းဖြစ်သည် ။
“
ဘာဖြစ်တာလဲ သား ဖေဖေကို ပြောစမ်း ဘာဖြစ်တာလဲ... ” အဖေဆိုတော့ စိတ်ပူတာပေါ့
။ ဒါပေမဲ့ ကျွန်ပ်ရဲ့ လည်ချောင်းထဲက ဂဏန်းအရိုးကိုတော့ အဖေ ဘယ်လိုလုပ်ပြီး
ပြန်ထုပ်ပေးရမလဲ မသိပေ ။
“ နာ နာ ......နာ....နာ... ” ဟုပြောကာ ပါးစပ်ကိုလက်ညိုးထိုးပြပြီး ကျွန်တော် ငိုနေသည် ။
“
ဘယ်နားမှာ နာနေတာလည်း သားရယ်... ပြစမ်းပြစမ်း ဖေဖေကိုပြစမ်း ” အဖေ
ဘာမှာမလုပ်တတ်ဘဲ ကျွန်ပ်ကို မေးနေတဲ့အချိန်မှာ အိမ်ပေါ်က အမေဆင်းလာပြီး
“ ရှင် ကျွန်မကလေးကို ဘာတွေကျွေးနေတာလဲ...”
“ ဂဏန်းတွေ ကျွေးနေတာပါ မိန်းမရာ...” အဖေ့ စကားအဆုံးမှာ
“
ဘာ... မိန်းမ ဟုတ်လား...ရှင်ကျွန်မကို မိန်းမလို့ မခေါ်နဲ့ နောက်ပြီး ရှင်
ကျွန်မအိမ်က အခုချက်ချင်း ထွက်သွားပါ ၊ အခုချိန်မှာ ရှင် နဲ့ ကျွန်မ ဘာမှ
မပက်သက်တော့ဘူး ” အမေက အဖေ့ကို အသံကျယ်လောင်စွာဖြစ်ပြောရင် ကျွန်ပ်၏
လည်ချောင်းထဲက ဂဏန်းအရိုး ပြန်ထွက်လာအောင် ပါးစပ်ထဲသို့ လက်ညိုးထိုးပြီး
ကလော်ထုတ်နေသည်။ အမေရဲ့ လက်ညိုသည် ကျွန်တော်၏ လည်ချောင်းအထဲထိ
အရှည်ကြီးဝင်သွားပြီး ဂဏန်းအရိုးများကို အမေ့လက်နှင့်အတူ ပါးစပ်မှ
ပြန်အံထွက်လာသည် ။
“ ဂဏန်းအရိုးတွေက မနည်းပါလား... သား အခုဘယ်လိုနေသေးလဲ ။ လည်ချောင်းထဲမှာ နာနေသေးလား..”
အမေက စိတ်ပူရင်ဆာဖြစ်ပြီးမေးတော့ ကျွန်တော် ခေါင်းခါပြီး ပြန်ဖြေလိုက်သည် ။
“ ဟင်း..အင်း... မနာတော့ဘူး မေမေ...”
“
ဟုတ်လား..ဒါဆို ကောင်းသွားပြီပေါ့ ” အမေ ပြောပြောဆိုဆိုဖြစ် ကျွန်ပ်ကို
ပွေ့ချီကာ အိမ်ပေါ်သို့ ခေါ်သွားလေသည် ။ အဖေလည်း ကျွန်တော်နဲ့အမေ နောက်က
ထပ်ကြပ် အိမ်ပေါ်သို့ တတ်လိုက်လာပြီး
လက်ကျန်ဂဏန်းများကို ကျွေးပြန်သည် ။
“ ရှင်ဘယ်လိုဖြစ်နေတာလဲ..အခုပဲ ဂဏန်းအရိုးစူးလို့ ကလေးငိုနေတာ ရှင်မတွေ့ဘူးလား..”
“
ဘာမှ မဖြစ်ပါဘူးမိန်းမရယ်..ကလေးက ဂဏန်းကြိုက်တယ်လေ...ဒါကြောင့်
ဒီလက်ကျန်ဂဏန်းတွေ ကျွေးမလို့ပါ...သားလေး လာလာ ဖေဖေ့ဆီလာခဲ့ ဒီမှာ
အဖေ့သားအတွေက် ဂဏန်းတွေကျန်သေးတယ်..”
အမေပြောနေသည်ကြားက အဖေ ကျွန်ပ်ကို ဂဏန်းတွေ ခေါ်ကျွေးနေပြန်သည်။
“ ရှင်ဘယ်လို့ဖြစ်နေတာလဲ...” အမေက အဖေကိုပြောရင်း “ သား သွားမစားရဘူးနော်...” ကျွန်ပ်ကိုပြောပြန်သည် ။
“ ငါ့သားကို ငါချစ်လို့ ကျွေးနေတာ မင်းကဘာဖြစ်နေတာလဲ...”
“ ဘာ...ရှင်က ကလေးကို ချစ်တယ်ဟုတ်လား...ပြောစမ်းပါအိုး..ရှင် ဘယ်လိုလုပ်ပြီး ချစ်တာလဲ..”
“ ဟား...ငါ့ကလေးဘဲ ငါချစ်တာပေါ့..”
“ အော်...ဟုတ်လား။ ဒါဆို ရှင်ကလေးကို တကယ်ချစ်တာပေါ့ ” အမေက မေးပြန်သည် ။
“ မင်းဘာတွေလာမေးနေတာလဲကွာ..”
“ ရှင် ကလေးကိုချစ်တယ်ဆိုရင် ကလေးနဲ့ ကျွန်မကို ဘာဖြစ်လို့ ရှစ်လလောက်တောင် ပြစ်ထားခဲ့ရတာလဲ..
နောက်ပြီး
ကလေးအနာဂတ် မလှမဲ့ ရှင့်ရဲ့ မုဆိုးအလုပ်ကို ဘာကြောင့်
ဆက်ပြီးလုပ်နေရတာလဲ..ရှင် ကျွန်မကို ရှင်းပြစမ်းပါဦး..ရှင် တကယ်လို့
ကလေးကိုချစ်တယ်ဆိုရင်ကို ကျေးဇူးပြုပြီး ကျွန်မ တစ်ခုလောက်တောင်းဆိုပါရစေ။
ရှင်အခု
လုပ်နေတဲ့ မုဆိုးအလုပ်ဟာ သမ္မာအာဇီဝမကျတဲ့ လမ်းစဉ်တစ်ခုမဟုတ်ဘူး။
ငရဲကိုသွားမဲ့ နည်းလမ်းတစ်ခုသာဖြစ်တယ်။ နောက်ပြီး ကလေးကို လူတစ်ယောက်ယောက်က
မင်းအဖေက မင်းကိုဘာတွေ လုပ်ပြီး အသက်မွေးဝမ်းကြောင်းပြုသလဲလို့ မေးလာရင်
ကလေးက ကျွန်ပ်အဖေက မုဆိုးပါ ။ တောထဲမှာ သားရဲတရိဆ္တန်တွေကို သတ်ပြီး
ကျွန်ပ်ကို လုပ်ကျွေးတာပါလို့ ဖြေရင် ရှင်ဘယ်လိုလုပ်မလဲ။ ရှင့်ကြောင့်
ကျွန်မကလေး လူဘုံအလယ်မှာ မျက်နာငယ်ရလေမယ် ။ ရှင် ကလေးအတွက် ဒါတွေကို
ထည့်ပြီးစဉ်းစားပေရဲ့လား။ ဒါကြောင့် အဲဒီ မုဆိုးအလုပ်ကို ရှင်
ရှေ့ဆက်ပြီးလုံးဝ မလုပ်ပါနင့်တော့ ” အမေတစ်ယောက် မရပ်မနားဘဲ
တတော့တော့ပြောပြီး ပေါက်ကွဲနေတော့သည်။
“
တော်စမ်းပါကွာ... ငါ့ရဲ့အလုပ်ကို မင်းပုံကြီးချက်ပြီး ပြောမနေစမ်းပါနဲ့ ငါ
ကလေးကို ချစ်တာက ချစ်တာဘဲ ။ မုဆိုးတစ်ယောက်က ကိုယ့်ကလေးကို
ကိုယ့်မချစ်ရတော့ဘူးလား ။ ဘာလဲကွာ..မင်းက ငါ မုဆိုးလုပ်နေတာကို ရှက်နေတာလား
။ မင်း ရှက်တယ်ဆိုရင် ငါကွာရှင်းပေးလိုရတယ်။ ဒါပေမဲ့ ငါ့ကလေးကိုတော့
မင်းကိုမပေးနိုင်ဘူး..ဒါဘဲ..” ပြဿနာ စနေလေပြီ။
အဖေနဲ့အမေ ရန်တွေဖြစ်ကာ ကျွန်ပ်ကို သူပိုင်သည် ငါပိုင်သည်ဟု လုနေကြရင်း
ကျွန်ပ်ကို ပိုက်ထားတဲ့အမေ့ကို အဖေဒေါသကြီးစွာဖြင့် သေနတ်တစ်လက်ယူပြီး
ပြစ်လေတော့သည်။
“ ဒိုင်း.....” သေနတ်ကျည်ဆံက အမေဆီမရောက်ဘဲ မိုးပေါ်သို့ တတ်သွားလေသည် ။
အဖေရဲ့ သေနတ်အထိပ်ပိုင်းကို လူတစ်ယောက်က ဝင်လာပြီး မိုးပေါ်သို့ ထောင်မလိုက်ခြင်းကြောင့်ဖြစ်သည်။
“
မင်းတို့ လင်မယား ရန်ဖြစ်နေကြတာ ပြဿနာမရှိပေမဲ့ အခုလို သေနတ်နဲ့ပြစ်တာတော့
လုံးဝမကောင်းဘူးကွာ ။ ငါသာ အချိန်မီ မရောက်လာလို့ကတော့ အခုဆို
တစ်ယောက်ယောက်တော့သေနေလောက်ပြီ ”
ကျွန်တော်တို့ရွာက သူကြီးပြောနေခြင်းဖြစ်သည်။
“
ဟုတ်ကဲ့ပါ သူကြီး ကျွန်တော်မှားပါတယ် ။ ဒါကြောင့် ကျွန်ပ်ကို ဒီရွာကနေ
ထွက်သွားခွင့်ပြုပါ ။ ဒါပေမဲ့ သားလေးကိုတော့ ကျွန်တော်ကို
ခေါ်သွားခွင့်ပြုပါ ” အဖေက သူကြီးကို တောင်းဆိုခြင်းဖြစ်သည်။
သူကြီးက
ကလေးကို သူ့အမေဆီမှာသာ ထားခဲ့ပါ ။ ကလေးက အမေနဲ့နေတာ ပိုပြီး သင့်တော်ပါတယ်
။ ဘာရယ် ညာရယ်ပေါ့ ။ နောက်ဆုံးတော့ အဖေသည် အမေနဲ့ ကျွန်ပ်ကို အပြီးပိုင်
ထားခဲ့ပြီး ရွာကထွက်သွားလေတော့သည်။ ဒီအကြောင်းတွေကို အဘွား ခဏခဏပြောပြ၍
ကျွန်တော်သိရခြင်းဖြစ်သည်။ အမေကတော့ အဖေ့ကိုစိတ်နာတဲ့အပြင် ကျွန်ပ်ကိုပါ
သူမကြိုက်တဲ့ အရာတွေကို စည်းကမ်းတကျ လိုက်နာဖို့ ပြောပြီး
၁. သူတပါး၏ အသက်ကို မသတ်ရ
၂. သူတပါး၏ ဥစ္စာကို မခိုးရ
၃. သူတပါး၏ သားမယားကို အပြစ်မမှားရ
၎. သူတပါးကို လိမ်ညာပြီး စကားမပြောရ
၅. အရက်သေစာ မသောက်စားရ ။
နောက်ပြီး ဘုရား တရား သံဃာ မိဘ ဆရာသမားများကို အာရုံပြု ကန်တော့ပြီးမှာ အိပ်ရာဝင်ပါဟု အမြဲတမ်း မှာကြားလေသည် ။
ကျွန်တော်
အဖေမရှိတဲ့အနောက်ပိုင်း အမေကိုပင် အဖေနဲ့အမေနှစ်ယောက်ပေါင်းကာ
အားကိုးပြီး ချစ်နေရတော့သည် ။ အမေသည် အဖေလုပ်ရမဲ့ အလုပ်တွေကိုပါ
တစ်ယောက်တည်း ရုန်းကန်လုပ်ရှားနေရသည်ကို ကျွန်တော်ကြည့်ပြီး
စိတ်မကောင်းခဲ့ပေ ။ ဒါကြောင့် အမေ့ရဲ့အလုပ်တွေကို ကျွန်တော်
ငါးနှစ်းသားအရွယ်လောက်ကပင် ကောင်းစွာကူညီတတ်နေလေပြီ ။
အမေ့ကိုအကူလုပ်ပေးရင်း ပင်ပန်းလာတဲ့အခါမျိုးမှာ အဖေကို ကျွန်တော်
စိတ်နာသလိုလို မုန်းသလိုလို ဖြစ်ပြီး မေ့ပြစ်ဖို့ကြိုးစားခဲ့သည် ။ နောက်
ကျောင်းနေရတဲ့ အရွယ်ရောက်တော့ မိဘနှစ်ပါးပြည့်စုံနေတဲ့ သူငယ်ချင်းတွေကို
ကြည့်ပြီး ကျွန်တော် အဖေကို ပြန်လယ်တမ်းတလာပြန်သည် ။ အဖေတစ်ယောက်
ဘယ်နေရာများရောက်နေပါလဲ ။ အဖေ့ကို ကျွန်ပ် လွမ်းသလို့မျိုး အဖေလည်း
ကျွန်ပ်ကို လွမ်းနေပါမလား ။ အခုချိန် ကျွန်ပ်ရင်ခွင့်ထဲကို
အဖေပြန်ရောက်လာရင်သိပ်ကောင်းမှာဘဲ ။ အဖေကို ရင်မောစွာ
မျှော်မှန်းတမ်းတနေပေမဲ့ ကျွန်တော်သာ ဆဌမ အတန်းရောက်တော့သည်
အဖေပြန်ရောက်မလာပါ ။ ဒီလိုသာ သွေးအေးပြီးစောင့်နေလိုကတော့ အဖေကို ဒီတစ်သက်
တွေ့ရမှာ မဟုတ်ဘူး ငါ အဖေ့ကိုတွေ့အောင် လိုက်ရှာမည်ဟု သန္နိဌာန်ကျပြီး
လိုက်ရှာလေသည်။ ဒါပေမဲ့ အမေကို သိစေလို့ မဖြစ် ။
နောက်သုံးလေးနှစ်လောက်ရောက်တော့ အဖေရဲ့ သတင်းကို
သူငယ်ချင်းတစ်ယောက်ရဲ့အကူညီကြောင်း သိခဲ့ရလေသည် ။ တနင်္ဂနွေနေ့
ကျောင်းပိတ်ရက်ရောက်တော့ ကျွန်ပ်သူငယ်ချင်းနှင့်အတူ အဖေနေတဲ့ အိမ်လေးဆီသို့
သွားလေသည် ။
“ မင်္ဂလာပါ ခင်ဗျား ။ ဒီအိမ်က
ဦးသန်းမြင့် ရဲ့ အိမ်ဟုတ်ပါသလား ခင်ဗျား ” အိမ်အရှေ့ဘက်
မြေကွက်အလွတ်တစ်ခုတွင် ကုလားထိုင်တစ်လုံးပေါ် ထိုင်နေသော လူကြီးတစ်ယောက်ကို
ကျွန်တော် ဝင်မေးလိုက်ခြင်းဖြစ်ပြီး ကျွန်ပ်ရဲ့ စိတ်ထဲတွင် ဒီလူကြီးဟာ
အဖေများဖြစ်နေမလား ။
“ ဟုတ်ကဲ့... ဒီအိမ်ဟာ
ဦးသန်းမြင့်ရဲ့ အိမ်ပါကွယ် ။ သားတို့ကို ဘာကိစ္စရှိလို့လဲ... ”
ဒီမေးခွန်းကို ကျွန်တော် ဘယ်လိုဖြေရမည်ဟု မသိဘဲ ခဏလေး
ညိမ်သက်စွာတွေဝေနေပြီး
“ ကျွန်တော် အဖေဦးသန်းမြင့်နဲ့ တွေ့ချင်လို့ပါခင်ဗျား ။ ဦးလေးက ဘယ်သူလည်း ကျွန်ပ်အဖေ ဦးသန်းမြင့်လား ”
“
သားက မူမူစန်းရဲ့ သားလား... လာ လာ အိမ်ပေါ်တတ်ရအောင် ” ဦးလေးက
ကျွန်တော်တို့သူငယ်ချင်း နှစ်ယောက်ကို အိမ်ပေါ်သို့ ခေါ်သွားပြီး “
မိသိန်းရေ...ဒီကလေးနှစ်ယောက်အတွက် အအေးလေး ဖျော်ခဲ့စမ်းပါဦးကွယ်..”
အန်တီတစ်ယောက်ကို ခေါ်ပြောလိုက်သည် ။ ကျွန်ပ်အထင်တော့ ဒီအန်တီဟာ အဖေရဲ့
နောက်အိမ်ထောင်များဖြစ်နေမလား ဟု တွေးမိလေသည် ။ ဒါပေမဲ့ အဖေက သူကိုယ်သူ
ကျွန်ပ်ရဲ့ အဖေပါဟု လုံးဝ ဝန်မခံသေး ။
“ အဖေရယ် ကျေးဇူးပြုပြီး ကျွန်ပ်ကို အဖေလို့ ခေါ်ခွင့်ပြုပါလား ခင်ဗျား ” ကျွန်တော် ဆန္ဒစောစွာဖြင့် ပြောလိုက်လေရာ
“
မင်းခေါ်ချင်လည်း ခေါ်ပေါ့ကွာ..ငါ မင်းကို ကိုယ်ချင်စာပါတယ်..” တဲ့ ။ အဖေရဲ့
စကားလုံးတွေဟာ နည်းနည်းလေးများ စိမ်းကားနေသလားဟု တွေးမိပေမဲ့
အဖေရင်ခွင်ကို အတင်းဝင်ဘက်ပြီး ကျွန်တော် ငိုလေတော့သည် ။ တစ်သက်တာ
ကျွန်တော်အရမ်းတမ်းတနေသော အဖေကို အခုလို ဘက်လိုက်ရတော့
ကျွန်ပ်ရဲ့ ရင်ဘက်ထဲတွင် နွေးသလိုလို အေးသလိုလိုမျိုး ဖြစ်ခဲ့ရသည် ။
“
ဖေဖေ...ဖေဖေ..ဖေဖေရယ်... ကျွန်တော် ဖေဖေကိုအရမ်းချစ်တယ် ဖေဖေရယ် ”ဟု
ပြောပြီး ကျွန်တော် ဝမ်းသာအားရဖြစ် အဖေမျက်နာကို မော့ကြည့်လိုက်သည် ။
အဖေလည်း ကျွန်ပ်လို ငိုနေသည် ။ နောက်ပြီး ကျွန်ပ်ရဲ့သူငယ်ချင်းနဲ့
ကျွန်ပ်အဖေရဲ့ နောက်အိမ်ထောင်ဖြစ်တဲ့ အန်တီကြီးပါ ငိုနေတာ တွေ့လိုက်ရသည် ။
“
မငိုပါနဲ့တော့ ဖေဖေရယ်...ကျွန်တော်တို့ သားဘ
အခုပြန်တွေ့နေရပြီဘဲ...မငိုနဲ့တော့နော်..” အဖေ့ရဲ့ ပါးပြင်ပေါ်က
စီးဆင်းနေသော မျက်ရည်များကို ကျွန်တော် သုပ်ပေးရင် အဖေကိုပြောလိုက်ရာ
“
ဦးလေး စိတ်မကောင်းလိုက်တာ သားရယ်... ဦးလေးဟာ သားထင်နေတဲ့ သားရဲ့ အဖေ
မဟုတ်ပါဘူးကွယ်..သားရဲ့ အဖေက ဒီလူ့လောကကြီးထဲမှာ မရှိတော့ဘူးကွဲ့....”
အဖေကျွန်ပ်ကို လိမ်ပြီးများပြောနေသလား ဒါမှမဟုတ် ကျွန်တော်ပဲ
နားများအကြားမှားလေသလားဟု ထင်ပြီး ထပ်မေးလိုက်သည် ။
“ ဘယ်လို...ဘယ်လို...ဘယ်လို...ပြောလိုက်တာလည်း ဖေဖေ...”
“
သားရယ် ဦးလေးက သားရဲ့အဖေ မဟုတ်ပါဘူးကွယ်...သားရဲ့အဖေ ကိုသန်းမြင့်က
လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကမှ ဆိုးသွားတာ ။ မင်းအဖေလည်း မင်းကို အရမ်းချစ်တာ ။
မင်းအဖေ မင်းကျောင်းသွားကျောင်းပြန် အမြဲတမ်းဆိုသလို့ဘဲ မင်းနောက်က
လိုက်ပြီးခိုးကြည့်နေရတာ ။ မင်းအဖေဖြစ်က သနားစရာပါကွာ သူ့သားလေးကို
ချစ်လွန်းလို့ သူခမျှာ မုဆိုးအလုပ်လည်း မလုပ်တော့ဘူးကွာ ။
အရက်လည်းမသောက်တော့ဘူး နောက်ဆိုးကွာ မင်းအမေ မကြိုက်တဲ့အလုပ်တွေကို
အခုမှမလုပ်တော့ဘူးကွာ ” တဲ့ ။
ဩော်...ကျွန်တော်
ဘယ်ဘဝက ပြုခဲ့တဲ့ အကုသိုလ်ကံကြောင့်လည်းတော့ မသိ အဖေဆိုလို့ ခေါ်ခွင့်
တွေ့ခွင်လေးတောင် မရလိုက်ပါလားဟု တွေးရင်း နောက်ဘဝ နောက်ခန္ဒာများ
တကယ်ရခဲ့သည်ရှိသော် အဖေနှင့် အမေပြည့်စုံတဲ့ ဘဝမျိုး
ဘုရားတပြည့်တော်ရရပါလို၏ဟု ဆုတောင်းရင်း
ဘဝတပါးသို့ကူပြောင်းသွားခဲ့တဲ့အဖေလည်း ကောင်းရာသုဂတိ
ဘုံဘဝသို့ရောက်ရပါစေသား ဟူ၍သာ ။
ရန်ကျော် ( ထားဝယ် )
No comments:
Post a Comment