ကိုဇာနည်တစ်ယောက် သူတစ်ဖက်သက်ချစ်နေတဲ့ မယုယုဝါ အတွက်ရည်ရွယ်ပြီး သူကိုယ်တိုင်စိုက်ထားတဲ့ နှင်းဆီပင်မှ နှင်းဆီပန်းများကိုခူးကာ မယုယုဝါလာမဲ့ လမ်းလေးမှာ မျှော်လင့်ချက်ကြီးစွာနဲ့ ထိုင်စောင့်နေရှာသည် ။ ခဏလေးကြာတော့ မယုယုဝါ ရုံးကအပြန် ထမင်းခြိုက်လေး တစ်ခြိုက်ဆွဲကာ ဟိုးအဝေးမှ လာနေတာကိုမြင်နေရ၍ ကိုဇာနည် ရင်တွေတထိန့်ထိန့်ခုန်ပြီး ခြေလက်များ အေးစက်ကာ အတွေးတစ်ချက်ဝင်မိလေသည် ။
“ တကယ်လို့သာ ငါပေးတဲ့ပန်းကို သူယူမယ်ဆိုရင် ဒီနေ့အဖို့ ဒီကမ္ဘာပေါ်က လူသားတွေထဲမှာ
ငါသည် ကံကောင်းဆုံးလူသားဖြစ်လိမ့်မည် ” တဲ့ ။
သူပေးတဲ့ ပန်းကို မယုယုဝါ မယူမှန်းသိလျှက်နဲ့ ကိုဇာနည် ဘာဖြစ်လို့လာပေးနေပါလိမ်း ။ ဆစ်တမ်းခြင်းမတူတဲ့ ကိုဇာနည် နှင့် မယုယုဝါ တို့ ဘဝကလည်း မိုးနဲ့မြေ ။
ကိုဇာနည် ဘဝက ဆင်းရဲတယ်ဆိုတာ ပစ္စည်းဥစ္စာ ဂုဏ်ပကာသနတွေသက်သက်မဟုတ်သေးဘူး မိဘ ဆွေမျိုးတွေပါ ဆင်းရဲရှာတာ ဆရာရေ ။ ဒါပေမဲ့ သူက ရိုးသားပြီး ကြိုးစားတဲ့ လူငယ်တစ်ယောက်ဖြစ်တော့ လူတိုင်းကတော့ ခင်မင်ကြပါတယ် ။ မယုယုဝါ ကတော့ ပစ္စည်းဥစ္စာကလည်းချမ်းသာ ပညာတတ်ဘွဲ့ရလည်းဖြစ် လှတပတလည်းဖြစ်နေသေးတယ်ဆိုတော့ မာနကြီးတာပေါ့ ဆရာရယ် ။ သနားစရာကောင်းတာက ကိုဇာနည်းပါ သူကိုပြန်မချစ်နိုင်မှန်းသိလျှက် အတင်းကိုစွန့်စားနေတော့တာ။
ဒါနဲ့ မယုယုဝါ တဖြေးဖြေးနဲ့ ကိုဇာနည်ဘက်ကို တစ်လှမ်းခြင်းလျှောက်ကာ နီးကပ်လာလေပြီ ။ ကိုဇာနည် မျက်စိစုံမှိန့်ပြီး နှင်းဆီပန်းကိုကိုက်ကာ မယုယုဝါ ဘက်သို့ဦးတည်ပြီး လျှောက်သွားလေရာ နားထဲကို အရှိန်ပြင်းတဲ့ ဆိုင်ကယ်သံတစ်ခု တိုးဝှေ့ဝင်လာသည် ။ ကိုဇာနည် ကိုင်ကယ်တိုက်မိမှာ ကြောက်၍ မှိတ်ထားတဲ့မျက်လုံးကို ဖွင့်ပြီးကြည့်လိုက်တော့ သင်္ဘောသားအောင်အောင်က ကိုင်ကယ်နားပြီး မယုယုဝါကို ပန်းပေးနေတာတွေ့လိုက်ရသည် ။ ကိုဇာနည်ရဲ့ စွန့်စားခန်းဟာ သင်္ဘောသားအောင်အောင်ကြောင့်ပျက်စီးရလေပြီ ။ အခုလိုမြင်ကွင်းတစ်ခုကို ကြည့်ပြီး ကိုဇာနည်မှအပ ဘယ်သူများ ကိုယ်ချင်းစာ ခံစားပေးတတ်မှာလဲ ဆရာရယ် ။ ကိုအောင်အောင်ဆိုတဲ့ သင်္ဘောသာကလည်း မယုယုဝါကို ပန်းပေးရုံသက်သက်မဟုတ်သေးဘူး ဆိုင်ကယ်ပေါ်တင်ပြီး အိမ်ကိုပါလိုက်ပို့ပေးလိုက်သေးတယ် ဆရာရေ ။
မယုယုဝါရဲ့ အမေကလည်း ဆရာတို့သိတဲ့အတိုင်းဘဲ ငွေသိမ့်မက်တာ အခုလည်းကြည့်ပါလား အောင်အောင်ဆိုတဲ့ သင်္ဘောသားကို ပြုစုဧည့်ခံနေလိုက်ကြတာ သားအရင်းတစ်ယောက်ကျနေတာဘဲ ဆရာရေ ။
ဒီလောက် အခွင့်ရေးတွေပေးနေမှတော့ ကိုအောင်အောင်နှင့် မယုယုဝါတို့ အချစ်ဇာတ်လမ်း ဖြောက်ဖြူးသွားပြီပေါ့ ။ တနင်္ဂနွေနေ့ မယုယုဝါ ရုံးပိတ်ရက်ဆို ဘုရားသွားမယ် ရှော်ပင်သွားမယ်ဆိုပြီး ကိုအောင်အောင် ဆိုင်ကယ်တစ်စီးနဲ့လာခေါ်သွားတာဘဲ ။ တစ်ခါတလေ သူငယ်ချင်းမွေးနေ့ ဘာနေ့ညာနေ့ဆိုပြီး ညဘက်ကြီးလာခေါ်သွားတာ ရှိသေးတယ်ဆရာရယ် ။ ကိုဇာနည်ကတော့ မယုယုဝါတို့ သမီးရည်းစားပျော်နေတာကိုကြည့်ပြီး မျက်ရည်ဝဲကာ
“ မယုယုဝါ ပျော်နေတယ်ဆိုရင်ဘဲ ငါကျေနပ်ပါတယ်ကွာ ..သူငါ့ကို ပြန်မချစ်လည်း ပြဿနာမရှိပါဘူး အဓိကက ငါသူကိုချစ်နေရဖို့ဘဲ...ဒါပေမဲ့ ငါကြောက်တာ တစ်ခုရှိတယ်ကွာ သူငါနဲ့ဝေးရာ
ထွက်ပြေးသွားမှာ .. ”
ဘာထူးလည်း ဆရာရယ် အခုလည်းမယုယုဝါ သူများရင်ခွင်ကြားရောက်နေပြီဆိုမှာတော့ သူနဲ့ဝေးပြီးပေါ့ ။
ဘယ်လိုဘဲဖြစ်နေဖြစ်နေ မယုယုဝါ ဒီနေရာကနေ ထွက်မသွားရင် ကိုဇာနည်တစ်ယောက် ကျေနပ်နေမှာဘဲ ။
ကိုဇာနည်အဖြစ်ကိုကြည့်ပြီး သူငယ်ချင်းဖြစ်တဲ့ ကျွန်တော်တို့လည်း စိတ်မကောင်းကြဘူး ဆရာရယ် ။
တစ်နေ့တော့ ကိုအောင်အောင်တစ်ယောက် သင်္ဘောပြန်တတ်သွားတယ်လို့ သတင်းကြားပြီး မျက်နှာလုံးဝ ပြန်ပေါ်မလာတော့ဘူး ဆရာရေ ။ နောက်သုံးလေးလလည်းရောက်ရော မာနကြီးတဲ့ အလှပိုင်ရှင်မလေး မယုယုဝါတစ်ယောက် မျက်ရည်တစ်ဇမ်းဇမ်းနဲ့ ငိုယိုပြီး အိမ်ထဲမှအိမ်ပြင်မထွက်တော့ဘူး ဆရာရေ ။ မယုယုဝါ မျက်နှာကိုမမြင်ရရင် မနေနိုင်တဲ့ ကိုဇာနည်တစ်ယောက် နေမကျထိုင်မကျဖြစ်ပြီး မယုယုဝါတို့အိမ်ရှေ့က ခေါက်တုံ့ခေါက်ပြန်လျှောက်ရင် ခိုးချောင်းနေရှာတယ် ကိုယ့်ဆရာရယ် ။
နောက်ဆုံးတော့ ကိုဇာနည်တစ်ယောက်ကံဇာတာဘဲ တတ်လာတာလားမသိ မယုယုဝါရဲ့အမေ ဒေါ်ဝါဝါအေး ကိုယ်တိုင်အိမ်လာပြီး ဒီလိုလာပြောသွားတယ်တဲ့ ။
“ ငါ့သားဇာနည် မင်းအန်တီသမီး မယုယုဝါကို ချစ်နေတယ်ဆိုတာ ဟုတ်ပါသလားကွယ်... ”
“ ဟုတ်...ဟုတ်..ပါတယ် အန်တီရယ်... ”
“ ဒါဆို့ အန်တီသမီးကို လူကြီးမိဘစိုလင်စွာနဲ့ လာတောင်းရန်းပါလား သားရယ်... ”
“ ကျွန်တော် မဖြစ်နိုင်ဘူးလို့ထင်တယ် အန်တီ ”
“ ဘာဖြစ်လို့လည်း သားရယ်.. ”
“ အန်တီသမီး ကျွန်ပ်ကို မချစ်နိုင်ဘူးလို့ထင်တယ် နောက်ပြီး သူ့ရည်းစား သင်္ဘောသား ကိုအောင်အောင်ကလည်း ရှိသေးတယ်မဟုတ်လား ”
“ အန်တီသမီး မောင်ဇာနည်ကို ချစ်ရှာပါတယ်ကွယ်...နောက်ပြီး မောင်အောင်အောင်ကလည်း သင်္ဘောမှောက်တာ သေလားရှင်လားတော့မသိ အခုဆို တစ်လကျော်နေပြီ အန်တီအထင်တော့ အောင်အောင်သေပြီထင်တာဘဲ ဇာနည်ရယ် ”
“ ဟုတ်ပြီ.. ဒါဆိုကျွန်တော်နားလယ်ပြီအန်တီ ဒါပေမဲ့ အိန်တီ့ သမီးကိုလာတောင်းရန်းဖို့ လူကြီးမိဘတွေဆိုတာ ကျွန်ပ်မှာ မရှိတော့ပါဘူး အန်တီ...ဒါဘယ်လို့လုပ်မလဲ ”
“ ဒါလွယ်ပါတယ် ဇာနည်ရယ် .. ရပ်ကွက်လူကြီး နှစ်ယောက်သုံးယောက်လောက်ခေါ်ပြီး လာတောင်းပေါ့ ”
မနက်ဖြန်ရောက်တော့ ဒေါ်ဝါဝါအေးပြောတဲ့အတိုင်း ရပ်ကွက်ထဲက လူကြီးသုံးလေးယောက်နဲ့ ကန်တော့ပွဲတစ်ပွဲပြင်ကာ မိန်းမသွားတောင်းလေတော့သည် ။ ဟိုရောက်လို့ကြည့်လိုက်တော့ မယုယုဝါ မျက်နှာသိပ်မကောင်း သူ့ရည်စားကို လွမ်းလို့ ငိုထားတယ်ထင်ပါရဲ့ မျက်လုံးတွေ စူအစ်ပြီး မျက်နှာကဖေါင်းနေတာဘဲ ဆရာရေ ။
နောက်ပြီး ဒေါ်ဝါဝါအေးကလည်း လူကြီးတွေကိုပြောလိုက်သေးတယ် ။ နောက်လာမဲ့ ဗုဒ္ဓဟူးနေ့မှာ မင်္ဂလာဆောင်ပေးမယ်ဆိုလားဘဲ ။ ကိုဇာနည်တစ်ယောက် ပျော်လွန်းလို့ပြုံးနေလိုက်တာ သွားတွေကို ဖြည်းနေတာဘဲ ဆရာရယ် ။
အားလုံးပြောပြီးဆိုပြီးလို့လူကြီးတွေ အိမ်ကိုလည်းပြန်ရော
“ ဇာနည် အန်တီ သားကိုပြောစရာရှိလို့ ခဏနေခဲ့အိုးနော် " တဲ့
အိမ်ထဲမှာ မယုယုဝါတို့ မိသားစုနဲ့ ကိုဇာနည်တစ်ယောက်သာ ကျန်တော့
“ ဟုတ်ကဲ့ အန်တီပြောပါ ”
“ ဒီလိုပါကွယ် ... အခုအန်တီသမီးမှာ မောင်အောင်အောင်နဲ့ရထားတဲ့ ကိုယ်ဝန်ရှိနေတယ် ... အဲဒါ ဇာနည် ဘာလိုသဘောရလဲ .. ”
“ ဘယ်လိုမှာ သဘောမထားပါဘူးအန်တီ၊ မယုယုဝါ ကိုချစ်မှတော့ သူရင်သွေးလေးကိုလည်း ချစ်ရမှာပေါ့”
ကိုဇာနည် မျက်နှာလုံးဝမပျက်ဘဲ ကျေကျေနပ်နပ်ကြီး လက်ခံလိုက်တယ် ။သုခမျှ မယုယုဝါကို ရမယ်ဆိုရင် အသေရရ အရှင်ရရ ကျေနပ်မဲ့သူလေ ဆရာ ။
နောက်ပြီး ကိုဇာနည်တစ်ယောက် မပေါ့မပါးဖြစ်နေတဲ့ သူ့ဇနီးလောင်းလေး ချိုးဖို့အတွက် ရေတွေကို ကိုင်တိုင်ခပ်ပေး ၊ တစ်ကိုယ်လုံးလိမ်းဖို့ သနက်ခါးတွေ သွေးပေးနေလိုက်တာလည်း ပြောမနေပါနဲ့ဆရာရယ် ။ ဒါတင်မကသေးဘူးဆရာရေ မယုယုဝါရဲ့ အင်္ကျီ ထမီ အတွင်းခံ အကုန်လုံးလျှော်ပေးနေတော့တာ ။ သူငယ်ချင်းဖြစ်တဲ့ ကျွန်တို့လည်း ကိုဇာနည်ကို ဒီလိုမလုပ်ဖို့ ဝင်တားပါသေးတယ် ဒါပေမဲ့ သူက လက်မခံ ။ ဘာလည်း သူကျွန်တော်တို့ကိုပြောတာ တစ်ခုရှိသေးတယ် ။
“ မင်းတို့တွေ ငါ့ကိုမနာလိုဖြစ်နေကြတယ်မဟုတ်လား ” တဲ့
ဘယ်လိုမှ ပြောမရတဲ့နောက်တော့ ကျွန်တော်တို့လည်း လူမုန်းဆေးမခံတော့ဘူး ဖြစ်ချင်ရာဖြစ်ဆိုပြီး လွတ်ထားလိုက်တော့တာဘဲဆရာရယ် ။ ဒါပေမဲ့ ဟိုကောင်မ မယုယုဝါက ကိုဇာနည်ကို လုံးဝအနားကပ်မခံဘူးတဲ့ ။ ကိုဇာနည်တစ်ယောက် နွားကြီးကျနေတာဘဲ ဆရာရယ် ။
ဒီလိုနဲ့ မင်္ဂလာဆောင်မဲ့ ဗုဒ္ဓဟူးနေ့ကို ရောက်တော့ ကိုဇာနည်တစ်ယောက် သတိုးသားဝတ်စုံကြီးဝတ်ပြီး ကျွန်တော်တို့ကို ကြွားနေလိုက်တာဆရာရယ် ။ သူကြွားလည်း ကြွားချင်စရာဘဲလေ ဆရာရေ သူ့ဇနီးချော်လေး မယုယုဝါကလည်း သတိုးသ္မီးဝတ်စုံကြီးနဲ့ လှချင်တိုင်းလှနေလိုက်တာကိုး ။ ကျွန်တော်တို့ရက်ကွက်ထဲမှာဆို မယုယုဝါကို အလှပြိုင်မဲ့ ပြိုင်ဘက်မိန်းကလေးက တစ်ယောက်မှ မရှိသေးတာ ။ ကျွန်တော်ဖြင့် ကိုဇာနည်ကို ကြည့်ပြီး အားကျနေလိုက်တာ ဆရာရယ် ဒါပေမဲ့ သူ့လိုတော့ လှည်းကျိုးတော့ မထမ်းချင်ဘူးလေ ။ အိမ်ထောင်ဘက်ရွေးတယ်ဆိုတာ နှစ်ယောက်စလုံး သန့်ရှင်းမှကောင်းတာ မဟုတ်လား ဆရာ ။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ကတော့ ခံစားချက်ဘယ်တူပါမလဲ ဆရာရယ် ။ ဒါတွေမပြောတော့ပါဘူးဆရာရယ် သူတို့ မင်္ဂလာပွဲမှာ မင်္ဂလာအကြောင်းဘဲ ပြောရအောင် ။
ဘယ်ကနေ စပြီးပြောရမလဲ အော်..သိပြီ သိပြီ ဆရာ ။ သူ့တို့မင်္ဂလာပွဲမှာ ဖွင့်ထားတဲ့ မင်္ဂလာတေးသီချင်းတွေကလည်း မြူးလိုက်တာ ဆရာရယ် ။ ကျွန်တော်ဖြစ် ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာဧည့်ခံပွဲ တစ်သက်မှာ ဒီတစ်ခါမထမဦးဆုံးမြင်ဘူးတာ ။
နောက်ပြီး သတိုးသ္မီး ကြည်ဖြူသလား မကြည်ဖြူလားတော့ မသိ ကိုဇာနည်တစ်ယောက် သတိုးသ္မီး မယုယုဝါရဲ့ လက်ကိုအတင်းဆွဲပြီး လာတဲ့ ဧည့်သည်တော်တွေကို လိုက်ပြီးဧည့်ခံနေလိုက်တာဘဲ ။
လာလိုက်တဲ့ ဧည့်သည်တွေကလည်း သူဌေးတွေကြီးသတ်သတ်ဆရာရေ ။ အဲဒီနေ့ကဆို ကျွန်တော်တို့ ရပ်ကွက်လမ်းတွေထဲမှာ ကားတွေဆို ပြည့်ကြပ်နေတာဘဲဆရာရေ ။ နောက်ဆုံးတော့ ဘယ်ကနေဘယ်လို ပြန်ပေါ်လာတာလည်းမသိ ကိုအောင်အောင်တစ်ယောက် သူ့အမေနဲ့ မင်္ဂလာပွဲကိုရောက်လာကြတယ်လေ။
ကိုအောင်အောင်ရောက်လာတယ်ဆိုတာ ရိုးရိုးလာတာမဟုတ်ဘူး ဒီမင်္ဂလာပွဲကို ပျက်ဖို့လာတာ ။
ကိုအောင်အောင်က ဖွင့်ထားတဲ့ သီချင်းတွေကိုပိတ်ပြီး
“ ဒီမင်္ဂလာဧည့်ခံပွဲကို ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများ ခင်ဗျား အခု ဇာနည်နဲ့ ထိမ်းမြားလက်ထပ်ပေးနေတဲ့ မယုယုဝါဟာ အရင်က ကျွန်တော်နဲ့ ချစ်သူတွေဖြစ်ခဲ့ဘူးပါတယ် ခင်ဗျား နောက်ပြီး သူနဲ့ ကျွန်တော်ဟာ တရားရုံးမှာ နှစ်ယောက်သဘောတူလက်မှတ်ထိုးထားပြီးပါပြီး ခင်ဗျား
ဒါတင်မကသေးဘူး အခုသူမှာ ကျွန်တော်နဲ့ရထားတဲ့ ကိုယ်ဝန်ရှိနေပါတယ်ခင်ဗျား ”
ကိုအောင်အောင်ရဲ့ အော်သံကြောင့် ကိုဇာနည်နှင့်အတူ ဒေါ်ဝါဝါအေးတို့ မှာ
လူဘုံအလယ်ကြားအရှက်ကွဲဝမ်းနည်းဖြစ်ရတာပေါ့ ဆရာရယ် ။
ဒါပေမဲ့ မယုယုဝါကသူလက်ကိုဆွဲထားတဲ့ ကိုဇာနည်ရဲ့လက်ကိုဖြုတ်ကာ ကိုအောင်အောင်ဘက်ကို ပြေးလေတော့တယ် ဆရာရေ ။ ဒီအဖြစ်ကိုကြည့်ပြီး ကျွန်တော် ဝမ်းနည်းလိုက်တာ ဆရာရယ်.. ကိုဇာနည်တစ်ယောက် မဗေဒါ မြေလူးဆိုသလိုဘဲ သူအရှက်လည်းကွဲ ဝမ်းလည်းနည်း ဖြစ်ရရှာတယ် ဆရာရယ် ။ အရှက်ကွဲတာ ကိုဇာနည်တစ်ယောက်တည်း မဟုတ်သေးဘူးဆရာ မယုယုဝါရဲ့ အမေ ဒေါ်ဝါဝါအေးပါ အရှက်ကွဲတာ သူလည်းရှက်လွန်းလို့ မျက်နှာထားစရာနေရာတောင်မရှိတော့ဘူး ။ အဒီနေ့ကဘဲ သူ့သမီး မယုယုဝါကို သမီးဖြစ်မှ စွန့်လွတ်လိုက်တာ
“ ငါသေလည်း မင်းလာမကြည့်နဲ့ မင်းသေလည်း ငါမလားဘူး ” တဲ့
ကိုအောင်အောက်ကတော့ မယုယုဝါကို သူ့တို့အိမ်ခေါ်သွားလိုက်တာပေါ့ ။ ဒါပေမဲ့ အသည်းကွဲပြီး ကျန်နေတာက ကိုဇာနည် ၊ သုခမျှာ သုံးလေးလလောက် ရူးကြောင်ကြောင်ဖြစ်သွားသေးတာ ။
နောက်ထပ်သိပ်မကြာဘူး မယုယုဝါ ခလေးမွေးတာ ဘာအခတ်အခဲ ရှိတယ်ဆိုလည်းမသိ ခလေးမမွေးနိုင်ဘဲ အသက်ပါဆိုးသွားတယ်တဲ့ ဆရာရေ ...အဲဒီသတင်းကို ကိုဇာနည်လည်းကြားရော မယုယုဝါကို သတ်တာ ဟိုကောင်သင်္ဘောသား အောင်အောင်ကြောင့်ဆိုပြီး ကိုဇာနည်က ကိုအောင်အောင်ကို လိုက်သတ်တာ ကိုအောင်အောင်ပြေးမြန်လို့ပေါ့ဆရာရယ်..အခုတော့ ကိုအောင်အောင်တစ်ယောက်ဘယ်နေရာရောက်နေလည်း မသိ ။ ကိုဇာနည်ကတော့ မယုယုဝါရဲ့ အုတ်ဂူးလေး နဘေးမှာ ထမင်းမစား ဟင်းမစားနဲ့ နေ့ရောညပါ သွားပြီးငိုနေတော့တာ ဆရာရယ် ။
ပြီးပါပြီ....
ရန်ကျော် ( ထားဝယ် ) ဆက်လက်ကြိုးစားလျှက်
ဒီဝတ္ထုတိုလေးကိုဖတ်ပြီး သူငယ်ချင်း ဘယ်လိုခံစားရပါသလဲ ..ကျွန်တော် သိခွင့်ရနိုင်မလား ?
No comments:
Post a Comment